ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang နှင့် အဖွဲ့အား တွေ့ဆုံ

နေပြည်တော် မေ ၁၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Hong Liang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ် - မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက် အကောင်အထည်ဖော်ရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့ စေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)