ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်စစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရန် ပူတာအိုမြို့တွင် ရောက်ရှိနေ သော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ယမန်နေ့ နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ ပြည်သူ့ဆေးရုံသို့ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများသည် ခေါင်လန်ဖူး မြို့နယ် ရှိ ဒေသခံပြည်သူများအတွက် ဆန် ၂၅ အိတ်၊ ဆားလေးအိတ်၊ ကျောင်းဝတ်စုံ ၇၅ စုံ၊ ဗလာ စာအုပ်ဒါဇင် ၁၅ဝ၊ ခဲတံ ၁၂ ဒါဇင်၊ ရေသန့်စက် ၁၄ စုံ၊ ရေပုံး ၁ဝဝ နှင့် စားသောက် ဖွယ်ရာများ၊ ကြက်သွန်နီ ပိဿာ ၇ဝ နှင့် ကြက်သွန်ဖြူ ပိဿာ ၃ဝ တို့ကို ထောက်ပံ့ပေး အပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရီဒမ်း ကျေးရွာအနီး မေခမြစ်အား Fly Ferry ဖြင့် စက်ယန္တရားများ ဖြတ်ကူးရန် ရွေးချယ်ထားသည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆန်းလွတ် ချက်တောင် လမ်းလုပ်ငန်း ရှင်းလင်းဆောင် သို့ရောက်ရှိရာ တာဝန်ရှိသူများက ဆန်းလွတ်ချက်တောင်ထိပ်မှ မေခမြစ်သို့ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းလျာထားချက်များနှင့် လုပ်ငန်း လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြသည်။

ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က လိုအပ်ချက်များ ကို ညှိနှိုင်းပေးပြီး ခက်ခဲဝေးလံပြီး ဖွံ့ဖြိုးရေးနောက်ကျကျန်ရစ်ခဲ့သော ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသအား အမြန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖောက်လုပ်ပေးနေသော လမ်းဖြစ်၍ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီပြီး ရေရှည်တည်တံ့ရေး အတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ တောင်ပြို အန္တရာယ်ရှိနိုင်သော နေရာများတွင် အဆင့်လိုက် မြေဖြတ်ခြင်း လုပ်ငန်းများ၊ ကွန်ကရစ်တံတား၊ ကွန်ကရစ်ရေထုတ်ပြွန်၊ လမ်းဘေး ကျောက်စီရေမြောင်းများ ထည့်သွင်း ဆောင်ရွက်ရေး တို့ကို မှာကြားသည်။

အလားတူ ယခုခရီးစဉ်တွင် အတူလိုက်ပါခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်တို့ကလည်း လမ်းလုပ်ငန်းများကို ယခုထက် ပိုမိုအလေးထား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့မှ ယန္တရားမောင်း၊ မိုင်းခွဲကျွမ်းကျင်စစ်သည်များကို ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ထပ်မံ အင်အား ဖြည့်တင်းပေးပြီး ပြည်ထောင်စုဝန်ကြီးက လမ်းလုပ်ငန်း၌ ဆောင်ရွက်နေသည့် ဝန်ထမ်း၊ စစ်သည်များကို ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆန်းလွတ်ချက် - ခေါင်လန်ဖူးလမ်း မိုင်တိုင် (၃၅/ဝ)မိုင်တွင် လမ်းဖောက် လုပ်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆန်းလွတ် ချက် - မဂွေဇ လမ်းပိုင်းကို မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ဒေသခံများနှင့်တွေ့ဆုံ

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ပန်နန်းဒင်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ပန်နန်းဒင်မြို့ ဒေသခံပြည်သူများအတွက် ဆန် ၁၅ အိတ်၊ ဆားတစ်အိတ်၊ ကြက်သွန်ဖြူ ပိဿာ ၃ဝ၊ ကြက်သွန်နီ ပိဿာ ၇ဝ၊ ကျောင်းစိမ်းဝတ်စုံ အစုံ ၄ဝ၊ ဗလာစာအုပ် ၁၅ ဒါဇင်၊ ခဲတံ ၁၂ ဒါဇင်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော ခါကာဘိုရာဇီရေခဲတောင် အမျိုးသားသဘာဝဥယျာဉ် သွားလမ်းဖြစ်သည့် ပန်နန်းဒင်-ငါဝါ-ဂဝိုင်-ဒုံးဆုံ-တဆူထု-တလာထု-ခရောင်ဒွမ်း-ဒဟွမ်ဒမ်း မြေသားလမ်းဖောက်လုပ်ခြင်းကို ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းများအား ပွင့်လင်းရာသီ အတွင်း ပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရေး မှာကြားသည်။

ပူးပေါင်းဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက်ရှိရာတွင် မော်တော်ကားလမ်းဆက်သွယ်မှု မရှိသေးသော ကချင်ပြည် နယ် ပူတာအိုခရိုင်အတွင်း မဂွေဇ -ခေါင်လန်ဖူးလမ်း၊ အထက် ရှန်ခေါင်-ဝါဆာဒမ်း-နမ်ရိုထု-ဇီယာဒမ်း-ဖုန်ကန်ရာဇီ ရေခဲတောင် ခြေသွားလမ်း၊ ပန်နန်းဒင်-ငါဝါ-ဂဝိုင်-ဒုံးဆုံ-တဆူထု-တလာထု- ခရောင်ဒွမ်း-ဒဟွမ်ဒမ်း လမ်းများကို တပ်မတော် စစ်အင်ဂျင် နီယာတပ်ဖွဲ့များဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်