နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် လူသားချင်းစာနာထောက်ထား မှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထား မှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller အားလက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်နှင့်ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) ၏အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် တွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်ကုလသမဂ္ဂဘက်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေသည့်အစီအစဉ်များ၊ အစိုးရမှဆောင်ရွက်လျက်ရှိသည့် IDPစခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အကောင် အထည် ဖော်ဆောင်ရွက်ရာတွင်ကူညီပံ့ပိုးရေးနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကူညီပံ့ပိုးနိုင်မည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်