မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ပွဲတော် ခမ်းနားစွာကျင်းပနိုင်ရေး တွေ့ဆုံအကြံဉာဏ် ရယူပွဲ ကျင်းပမည်

နေပြည်တော် မေ ၁၃

၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် ပွဲတော်ကို ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံအကြံဉာဏ်ရယူပွဲ အခမ်းအနားကို မေ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် Sky Star Hotel(Ball Room)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို ရုပ်ရှင်လောက အလွှာစုံမှအနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ရုပ်ရှင်မိတ် ဖက်အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံမည် ဖြစ်သည့်အတွက် တက်ရောက်အကြံဉာဏ်များပေးနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးမှသိရသည်။
မောင်လူမော်