စန်းမောင်မြင့် ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း (၁၉)ကြိမ်မြောက် စုပေါင်းသွေးလှူပွဲ ပြုလုပ်မည်

ရန်ကုန် မေ ၁၃

စန်းမောင်မြင့် ဒါနဥပပါရမီသွေးလှူကုသိုလ်ဖောင်ဒေးရှင်းက ကြီးမှူးပြုလုပ်မည့် (၁၉) ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ မေ ၂၆ ရက် နံနက် ၈ နာရီမှ စ၍ ပြုလုပ်မည်ဖြစ်သဖြင့် မည်သူမဆို ပါဝင်သွေးလှူဒါန်းနိုင်ပြီး သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေးထောက်ပံ့မှုများအပြင် စန်းမောင်မြင့် သွေးလှူ ကုသိုလ်ဖောင်ဒေးရှင်းမှ အမှတ်တရလက်ဆောင်တို့ဖြင့် ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ကြောင်း၊ သွေးလှူဒါန်းမည့်သူများအနေဖြင့် ဖုန်း - ၀၉ - ၄၄၉၂၅၃၇၆၇ ၊ ၀၉ - ၇၉၅၅ ၆၃၄၀၀ တို့သို့ မေ ၂၄ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
၀၀၇