နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် မေ ၁၃

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌနှင့် တရားရေး ဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် မေ ၁၄ ရက်မှ ၁၇ ရက် ထိ ကျင်းပမည့်''(၉)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်'' သို့ တက်ရောက်ရန် ယမန်နေ့ ညနေ ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွား ရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အတူ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် လိုက်ပါသွားကြောင်း သိရသည်။
သတင်းစဉ်