မွန်ဂိုလီးယားနိုင်ငံသမ္မတဟောင်းနှင့် နော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းတို့နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် မေ ၁၃

မြန်မာနိုင်ငံ၌ရောက်ရှိနေသောမွန်ဂိုလီးယားနိုင်ငံသမ္မတဟောင်း Mr. Elbegdorj ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာညနေ ၆ နာရီ ၁၅မိနစ်တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

ထို့အတူနော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ဥက္ကဋ္ဌ Mr. KjellMagneBondevik ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံဗန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာယနေ့ညနေ ၆ နာရီခွဲတွင်နေပြည်တော်သို့ ရောက်ရှိကြသည်။

မွန်ဂိုလီးယားနိုင်ငံသမ္မတဟောင်း Mr. Elbegdorj နှင့် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် ဟောင်း Mr. KjellMagneBondevikတို့အားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

(သတင်းစဉ်)