(၁၁)ကြိမ်မြောက် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၃

(၁၁)ကြိမ်မြောက် ပညာရေးနှင့်အသက်မွေးဝမ်းကြောင်း ကဏ္ဍဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊  ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် တိုင်းရင်းသား ဘာသာစကားသင် အခြေခံပညာ ကျောင်း(၁၂၂၄၈)ကျောင်း၌ တိုင်းရင်းသားဘာသာ စကား(၅၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသူ ဆရာ ဆရာမနှင့်ပြင်ပပုဂ္ဂိုလ် (၂၈၇၈၃)ဦးအား ထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊  ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေး သင်ကြားရေးအထောက်အကူပြု (Teaching Assistants)ဆရာဆရာမ (၅၁၆၁)ဦး ခန့်ထားပေးခဲ့ပါကြောင်း။

ယခုနှစ် ကျောင်းဖွင့်အမီ (Teaching Assistants)ဆရာဆရာမများ ထပ်မံခန့် ထားနိုင်ရေး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းပြင်ပ ပညာရေးအနေဖြင့် မြို့နယ်(၈၃) မြို့နယ်တွင် ဆောင်ရွက်လျက်ရှိပြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ ကိုလည်း ယခင်ကဲ့သို့ နွေရာ သီတွင် သာမကဘဲ တစ်နှစ်ပတ်လုံး ဆောင်ရွက်လျက်ရှိပါကြောင်း။

 အဝေးသင်ပညာရေးစနစ် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးအရည် အသွေးတိုးတက်မြင့်မား ရေးအတွက်လည်းကောင်း၊ ဦးစားပေးပညာရေး လုပ်ငန်း(၇)ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာ တာဝန် ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ထိရောက်စွာပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင် ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပညာရေးကဏ္ဍအရည်အသွေး မြင့်မားရေးအတွက် ပညာရေးနှင့်အသက်မွေး ဝမ်းကြောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးအဖွဲ့၏ ထိရောက်စွာပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အားနည်းချက်အားသာချက်များ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းအကြံပြုကြကြောင်း သိရသည်။

(သတင်းစဉ်)