ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ Euro Cham Myanmar ၏ Executive Director, Mr. Filip Lauwerysen နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၃ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် Euro Cham Myanmar ၏ Executive Director , Mr. Filip Lauwerysen ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ တွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် မတ်လအတွင်း Euro Cham Myanmar မှ ဆွေးနွေး အကြံပြုခဲ့သည့် အချက်အလက်များနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်ဆောင်ရွက် ထားရှိမှု ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့တွင် ဇွန်လအတွင်း ကျင်းပမည့် ၁၀၈ ကြိမ်မြောက် ILC  ညီလာခံ ၌ အလုပ်သမား ရေးရာကိစ္စ တိုးတက်ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ အပါအဝင် သက်ဆိုင်ရာ မိတ်ဖက်ဝန်ကြီးဌာနများ ILO၊ IOM နိုင်ငံတကာအဖွဲ့အစည်းများနှင့် EU အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့်ပတ်သက်၍ မြန်မာ နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် MOU ရေးထိုးပြီး နှစ်နိုင်ငံ အကောင် အထည်ဖော်နိုင်ရေး ဆွေးနွေးမှုများ ၊သတင်းလွတ်လပ် ခွင့်များရှိအောင် ဆောင်ရွက် ပေးနေမှု၊ အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့် ပတ်သက်၍လည်း အလုပ်ရှင်၊ အလုပ် သမားများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစား၍ ဌာနတွင်း ဆွေးနွေးဆောင်ရွက် နေမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

(သတင်းစဉ်)