ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ဂေါက်ကွင်းနှင့်တည်းခိုဆောင် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

ရန်ကုန် မေ ၁၁

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက် ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် B.O.T စနစ်ဖြင့် ဂေါက်ကွင်းနှင့် တည်းခိုဆောင် လုပ်ငန်းဆောင်ရွက် မည့် လုပ်ငန်း (၂)ခုအား ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်း (၂)ခု၏ ရင်နှီး မြှုပ်နှံမှု ပမာဏမှာအမေရိကန်ဒေါ်လာ (၄)သန်းနှင့် ကျပ်သန်းပေါင်း ၈၈၀၀ ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်းပေါင်း (၂၁၇)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
(သတင်းစဉ်)