ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း Asian Development Bank ၏ Country Director, Mr. Newin Sinsiri အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၀

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် Asian Development Bank ၏ Country Director, Mr. Newin Sinsiri နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် အများပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် ADB မှ အထောက်အပံ့ပေးနေသည့် စီမံကိန်းများနှင့် မြန်မာနိုင်ငံသို့ ADB ၏ ကူညီပံ့ပိုးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)