ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၉

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဟုန်လျန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းစွာဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် တပ်မတော်ကဆောင်ရွက် နေမှု၊ ပစ်ခတ်မှုမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အစိုးရနှင့် တပ်မတော်ထံ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် ဒေသခံ ပြည်သူလူထုများ၏ အကျိုး စီးပွားအတွက် တပ်မတော်အနေဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းပေးထားမှု၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းစဉ်