သတင်းများ

Post date: 05/09/2019 - 18:32

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မကွေးတိုင်းဒေသကြီး မကွေး မြို့သို့ ရောက်ရှိ ကြသည်။

Post date: 05/09/2019 - 18:15

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ ၌ကျင်းပသည်။

Post date: 05/09/2019 - 17:39

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အား  နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

Post date: 05/09/2019 - 17:32

စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း           (Business Coalition Gender Equality Association -BCGEA) ၏ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူညီမျှမှုရှိရေး CEO Challenge နှင့် ကျား၊ မ တန်းတူညီမျှရေးလုပ်ဆောင်မှုအတွက် ရရှိမည့် စီးပွားရေးအကျိုးအမြတ်များဆိုင်ရာ ကမ္ဘာ့ထိပ်တန်း အသိအမှတ်ပြု စံလက်မှတ်ချီးမြှင့်ခြင်းအခမ်း အနားကို

Post date: 05/09/2019 - 17:11

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် UNDP/IPU ၏ လွှတ်တော် လုပ်ငန်းများစီမံခန့်ခွဲမှုအစီအစဉ်အဖြစ် အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ရလဒ် များကို လာရောက်တင်ပြသည့် ဟောင်ကောင်လွှတ်တော်ရုံး၏ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း Ms. Pauline Ng နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်  နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Post date: 05/09/2019 - 17:05

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Daniel Patrick Brendon Chugg နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

Post date: 05/09/2019 - 14:08

မြန်မာစာရေးဆရာကလပ်၏ (၂)နှစ် မြောက်အထိမ်းအမှတ် အကြိုက်ဆုံးစာအုပ် ဆု/စာမူဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန် မြို့ Orchid Hotel ၌ ကျင်းပသည်။

Post date: 05/09/2019 - 10:40

ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ယနေ့ ည ၇ နာရီ ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားသဖြင့် လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက် ကျိုးပဲ့ပျက်စီးကာ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Post date: 05/09/2019 - 10:33

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် Asean Work Plan on Sports 2016-2020 Mid-Term Review Validation Workshop အစည်းအဝေးအား မေ ၇ ရက် နံနက် ၉ နာရီ Kempinski Hotel ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် တက်ရောက်၍ အစည်းအဝေး သဘာပတိ အဖြစ်ဆောင်ရွက်ကာ အမှာစကား ပြောကြားသည်။

Pages