သတင်းများ

Post date: 05/08/2013 - 09:07

၁။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းပန်-မိုင်းတုံ လမ်းပေါ်ရှိ သံလွင်(တာဆန်း) တံတားဂိတ်အား လေလံမဲစနစ်ဖြင့် အောင်မြင်သူ ဦးတင်မျိုးသည် စာချုပ်ပါစည်းကမ်းချက်များ ဖောက်ဖျက် ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရ၍ (၂ဝ၁၃-၂ဝ၁၄) ဘဏ္ဍာနှစ် လေလံလုပ်ကိုင်ခွင့်ကို ၂ဝ၁၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့ (၂၄:ဝဝ) နာရီ အချိန်မှစ၍ ရုပ်သိမ်းလိုက်သည်။

Post date: 05/06/2013 - 09:09

အသိပညာခွန်အားကို ဖန်တီးပေး နိုင်သည်မှာ စာရေးဆရာကြီး၊ ဆရာမကြီးများ ဖြစ်ကြသည့်အတွက် ဆရာကြီး၊ ဆရာမကြီးများသည် ခွန်အားကို ပေးနိုင်စွမ်းရှိသူများ တစ်နည်းအားဖြင့်ဗလဒါယီ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြကြောင်းဖြင့် ဂုဏ်ပြုစကား ပြောကြားသည်။

Post date: 05/05/2013 - 10:43

၂၀၁၂ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆုနှင့် ပခုက္ကူ စာကြည့်တိုက် စာအုပ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသည်။

Post date: 05/05/2013 - 08:41

နိုင်ငံတကာတွင် ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ် လုပ်ငန်းများ၌ စျေးနှုန်းသက်သာမှုရှိပြီး သဘာဝ ပတ်ဝန်ကျင်းထိခိုက်မှုနည်းသော  Clean Fuel ဟုတင်စားခေါ်ဝေါ်သော သဘာဝဓာတ်ငွေ့အား အသုံးပြု၍ မော်တော်ယာဉ်နှင့် ဂျင်နရေတာများ စသည်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

Post date: 05/04/2013 - 11:40

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများနှင့် စက်သုံးဆီအရည်အသွေးမှန်ကန်ရေး၊ အခြင်အတွယ် ပြည့်မီရေးနှင့် မီးဘေးလုံခြုံမှု ရှိစေရေးကိစ္စရပ်များအား ကြီးကြပ် ကွပ်ကဲစစ်ဆေးနိုင်ရန်အတွက်

Post date: 05/04/2013 - 11:35

ယနေ့ နံနက် ၉ နာရီခွဲ မိုးလေဝသ တိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော ၂၄ နာရီ အတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်

Post date: 05/04/2013 - 11:24

ယူနက်စကိုမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီတို့မှ အဖွဲ့ဝင်များ ပြည်တွင်းပြည်ပမှ သတင်းထောက်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

Post date: 05/04/2013 - 08:32

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ မေ ၂ဝ ရက် (တနလင်ာ္နေ့) နံနက် ၁ဝ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။

Post date: 05/04/2013 - 08:29

နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၃)ကို ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူနိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၈၃ နှင့် ပုဒ်မ ၂၁၂ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၆ နှင့် ပုဒ်မ ၅၂ တို့အရ

Post date: 05/03/2013 - 08:43

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကံလှကျေးရွာနှင့် ကျီကုန်းကျေးရွာတို့တွင် မေ ၂ရက် နံနက် ၂နာရီခွဲက မိုးသက် လေပြင်းများ ကျရောက်သဖြင့် ကျီးကုန်းကျေးရွာတွင် သစ်ပင်များပြိုလဲကာ လူနေအိမ်များပေါ်သို့ ကျရောက်ခဲ့ရာ မနန်းလှိုင် (ထမင်းနှင့် မုန်းဟင်းခါးအရောင်းဆိုင်)၊ မအေးရွှေ (အောင်မြင်သူကွမ်းယာဆိုင်)၊ မနုနုခိုင်(အခွေငှားဆိုင်)၊ ဦးအောင်တူးနှင့် မမိညိုတို့၏ နေအိမ်များပေါ်သို့ လဲကျခဲ့ရာ လူအသေအပျောက်မရှိကြောင်း သိရသည်။

Pages