သတင်းများ

Post date: 05/03/2013 - 08:13

ရန်ကုန် မေ ၂

မန္တလေး ရွှေစျေး

၇ဝ၇၈ဝဝ - ၇ဝ၈၈ဝဝ ကျပ်

ရန်ကုန် ရွှေစျေး

၇ဝ၇၂ဝဝ - ၇ဝ၉၂ဝဝ ကျပ်

Post date: 05/02/2013 - 08:05

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ ဧပြီ ၃ဝရက်က လူအုပ်စုက ဘာသာရေး အဆောက်အအုံများအား ခဲဖြင့်ပစ်ပေါက်ပြီး စျေးဆိုင်များကို ဝင်ရောက်ဖျက်ဆီးခဲ့၍ လုံခြုံရေးအဖွဲ့ဝင်များက သေနတ် ပစ်ဖောက် လူစုခွဲခဲ့ရပြီး ယခုအခါ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ကနဦးသတင်းများအရ ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့သတင်းစဉ်(ပြည်တွင်း)မှ သတင်းအဖွဲ့သည် လက်ရှိအခြေအနေများအား မျက်မြင်တွေ့ရှိနိုင်ရန် ဥက္ကံမြို့သို့ သွားရောက် သတင်းရယူခဲ့သည်။
 

Post date: 05/02/2013 - 07:34

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့အနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ ကြိုးကြာကုန်းအုပ်စု ရတနာကုန်းရွာ၌ ဧပြီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် လူအုပ်စုများက မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် နေအိမ် ခုနစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ပနီပင်ကျေးရွာ၌ လူအုပ်စုများက မီးရှို့ခဲ့ကြသဖြင့် နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် ဥက္ကံမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ခြောက်သဲကျေးရွာ၌ လူနေအိမ် ၁၅ လုံး၊ ကျွဲပုန်းလေးကျေးရွာ၌ လူနေအိမ် ၄၉ လုံး၊ ဘာသာရေးအဆောက်အအုံ တစ်လုံး၊ စာသင်ကျောင်းနှစ်ကျောင်း၊ ရန်ကုန်-ပြည်လမ်း မီးနင်းချောင်းရှိ နွားတဲတစ်လုံးနှင့် ဓာတ်ဆီဆိုင်တစ်ဆိုင် တို့အား လူအုပ်စုများက မီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း သိရှိရသည်။

Post date: 05/01/2013 - 09:22

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ စွမ်းဆောင်ရည်ရှိသော အဖွဲ့ အစည်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ပေါ်ထွန်းရေးအတွက်ရည်ရွယ်လျက် ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟို ဌာန ညီလာခံခန်းမကြီး၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲကို အောင်မြင်စွာ ကျင်းပ

Post date: 04/30/2013 - 14:05

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး (၄/၂၀၁၃) ကို ဧပြီလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ဂျာနယ်များ၌ အရက်ဘီယာ ကြော်ငြာများ ပေါ်ပေါ်ထင်ထင် ထည့်သွင်းလာသဖြင့် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ၎င်းကြော်ငြာများ ထည့်သွင်းထုတ်ဝေနေသော ဂျာနယ်(၁၄) စောင်အား လိုအပ်သလို သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ အသိပေးအကြောင်းကြားရန်နှင့် အရက်ဘီယာထုတ်လုပ်သည့် ကုမ္ပဏီများသို့ ပြည်ထဲရေး ဝန်ကြီးဌာနမှ ယစ်မျိုးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

Post date: 04/30/2013 - 14:02

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး (၄/၂၀၁၃) ကို ဧပြီလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ပြီး ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာ လျှောက်ထားမှု များအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Post date: 04/30/2013 - 10:29

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး နှစ်ဖက် လူ့အဖွဲ့အစည်းတွင် အင်တာဗျူးပေါင်း ၂၀၀၀ ကျော် အပါအဝင် အချက်အလက်ပေါင်း များစွာကို စုစည်း၍ အခန်းပေါင်း ၁၅ ခန်း၊ စာမျက်နှာပေါင်း ၁၈၃ မျက်နှာ ပါဝင်သော အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁၀) ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ကျင်းပသည့် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားသည်။

Post date: 04/30/2013 - 08:22

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာပါ အကျဉ်းချုပ် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

Post date: 04/28/2013 - 08:59

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌ Hon. Mr. KANG Chang- hee  ၏ ဖိတ်ကြား ချက်အရ ကိုရီးယား သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး

Post date: 04/28/2013 - 08:49

နိုင်ငံတကာ မြန်မာ့သတင်း၊စနောင်တိုင်း မွန်ပြည်သူ့ရှေ့ဆောင် သတင်းဂျာနယ်နှင့် သံလွင်တိုင်းမ် ဂျာနယ်တို့ ပူးပေါင်း ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံကို မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ ဧပြီ ၂၅ ရက်က စတင်ကျင်းပခဲ့သည်။

Pages