ဝန်ကြီးဌာနကြေညာချက်များ

12/10/2014 - 17:39

ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ၂၀၁၄ ခုနှစ် အတွက် ခွင့်ပြုထားသည့် ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင် သက်သေခံ လက်မှတ်များတွင် ယာယီ မှတ်ပုံတင် သက်သေခံ လက်မှတ်များသည် (၃၀-၆-၂၀၁၄) ရက် နေ့တွင် လည်းကောင်း၊ အမြဲတမ်း မှတ်ပုံတင် သက်သေခံ လက်မှတ်များသည် (၃၁-၁၂-၂၀၁၄) ရက်နေ့တွင် လည်းကောင်း သက်တမ်း ကုန်ဆုံးကြမည် ဖြစ်ပါသည်။  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လိုပါက လုပ်ငန်း အသိအမှတ်ပြု လက်မှတ် သက်တမ်းတိုးရန် လိုအပ်ပါသည်။

09/08/2014 - 14:15

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် အသုံးပြုရန် မော်တော်ယာဉ် (၂) စီးဝယ်ယူခြင်းနှင့် လူပျိုဆောင် တည်ဆောက်ခြင်းတို့ အတွက် (၈-၉-၂၀၁၄) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ စျေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ စက်ပစ္စည်းများကို ယှဉ်တွဲပါစျေးနှုန်းများဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

07/03/2014 - 07:35
နေပြညတော် ၊ ဇူလိုင် (၃)
လူမှုတာဝန်သိသော မီဒီယာ၏ ကြော်ငြာဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်းသည့် ကြေညာချက် မူကြမ်းကို ၃၁-၅-၂၀၁၄ ရက်နေ့ ကပြည်သူများ လေ့လာ အကြံပြုနိုင်ပါရန် ပြန်ကြားရေးဝန်ကြီးဌာန Webportal နှင့် MOI Webportal Facebook တို့တွင် လွှင့်တင်ပေးခဲ့ပါသည်။ အကြံပြုချက်များအရ နောက်ဆုံးမူကြမ်းကို သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။
06/16/2014 - 07:12

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် ရခိုင်ပြည်နယ်သို့(၁၃.၆.၂၀၁၄)မှ (၁၅.၆.၂၀၁၄)နေ့အထိ ရခိုင်ပြည်နယ် တိုးတက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအတွက် လာရောက်ခဲ့ကြပါသည်။

06/13/2014 - 08:23

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၂)ကြိမ် မြောက် အာဆီယံပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇွန် ၁၂ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC- II)  ၌ ကျင်းပခဲ့သည်။

05/31/2014 - 15:56

လူမှုတာဝန်သိသောမီဒီယာအပေါ်တွင် ပြည်သူများယုံကြည်မှုပိုမိုရရှိစေရန်နှင့် ယင်းမီဒီယာတွင် ပါဝင်သောကြော်ငြာများနှင့် စပ်လျဉ်း၍ တိုင်ကြားမှုများ၊ အငြင်းပွားမှုများလျော့နည်းစေရန် ရည်ရွယ်ပြီးလူမှုတာဝန်သိသော မီဒီယာ၏ကြော်ငြာဆိုင်ရာမူဝါဒကိုပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားရှိပြီးဖြစ်ပါသည်။ သို့ပါ၍

01/21/2014 - 14:34

ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) တွင် ကျင်းပသွားမည် ဖြစ်သည်။

09/23/2013 - 17:34

ပြန်ကြားရေးဝန်ကြီးဌာန Web Media Portal တွင် အကြံပြုခြင်း/ တိုင်ကြားခြင်း ကဏ္ဍတွင် အကြံပြုစာများ ပေးပို့နိုင်ကြောင်း ကြေညာအပ်ပါသည်။

08/12/2013 - 13:10

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဥက္ကဋ္ဌ ဦးခင်မောင်အေး ခေါင်းဆောင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့သည် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင်

06/26/2013 - 16:00

ပြန်ကြားရေးဝန်ကြီးဌာန Web Media Portal ၏တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့သတင်းများ ကဏ္ဍတွင် (၂၆.၆.၂၀၁၃) ရက်နေ့မှစတင်၍ မိမိတို့ ဒေသအစိုးရ အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သော သတင်းများ၊ ထူးခြား ဖြစ်စဉ် သတင်းများ၊ အခမ်းအနားသတင်းများအား ဓါတ်ပုံများနှင့် တင်ပြနိုင်ပြီ ဖြစ်ပါသည်။

Pages