ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

Thu, 06/09/2016 - 14:48 -- user3

ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်းများအားခွင့်ပြုပေးနေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၆-၆-၂၀၁၆) ရက်နေ့ကပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင်(၉-၅-၂၀၁၆) ရက်နေ့ မှ (၂၀-၅-၂၀၁၆) ရက်နေ့ထိ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ ဂျာနယ် (၁) ဦး၊ မဂ္ဂဇင်း (၂) ဦး နှင့် အထွေထွေ (၅) ဦး ၊ ပေါင်း (၈) ဦး နှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်လိုသူ (၃)ဦး တို့အား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ မဂ္ဂဇင်းထုတ်ဝေသူ အမည်ပြောင်းလျှောက်ထားလာသူ (၁) ဦး ကိုလည်း ခွင့်ပြု ပေးခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း (၁၃၃၉) ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း (၁၈၀၅) ဦး နှင့် သတင်းအေဂျင်စီလုပ်ငန်း ( ၃၅ ) ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီ လုပ်ငန်း(၃၁၇၉) ဦးအားအသိအမှတ်ပြုလက်မှတ်များစိစစ်ခွင့်ပြုပေးခဲ့ပါသည်။  

 ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ(၁)ဦး  မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၁)ဦး နှင့် ဂျာနယ် လျှောက်ထားလာသူ (၁) ဦး တို့အား အချက်အလက်များစိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်းသတင်း ထုတ်ပြန်အပ်ပါ သည်။

 

ပြန်ကြားရေးဝန်ကြီးဌာန