ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို လိုက်နာခြင်း မရှိသော ဂျာနယ်အား ခေါ်ယူ သတိပေးပြီးကြောင်း သတင်း ထုတ်ပြန်ချက်

Tue, 07/07/2015 - 09:58 -- user3

ရန်ကုန်၊ ဇူလိုင် (၇)

ဇွန် (၂၆)ရက်နေ့ထုတ် 8 days ဂျာနယ် အတွဲ (၇) အမှတ် (၁၁) စာမျက်နှာ (၁၈)ပါ “ဒီတစ်ပတ် အညံ့ဆုံး ဖက်ရှင် ဘယ်သူ ဝတ်ဆင်” သတင်းတွင် ဝတ်လစ်စားလစ် နိုင်ငံခြား မော်ဒယ်တစ်ဦး၏ ဓါတ်ပုံအား ပုံကြီးဖြင့် ထင်ရှားစွာ ထည့်သွင်း ဖော်ပြ ထားပါသည်။ ထိုသို့ ဖော်ပြခြင်းမှာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ အခန်း (၄) ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အတွက် လိုက်နာရန် စည်းကမ်း ပုဒ်မ (၈) ပုဒ်မခွဲ (ဂ)ပါ ညစ်ညမ်းစာများကို ဖော်ပြခြင်း မပြုရ ဆိုသည့် စည်းကမ်းကို ဖောက်ဖျက် ကျူးလွန်သဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၆-၇-၂၀၁၅ ရက်နေ့တွင် 8 days ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဒေါ်မေသက်မာအား ရန်ကုန်မြို့၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် ခေါ်ယူ တွေ့ဆုံ၍ နောင်တွင် ယခုကဲ့သို့ ဥပဒေကို ဖောက်ဖျက်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေး ရှင်းလင်း ပြောကြားထားပြီး ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန