စာပေဗိမာန်ခန်းမများ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့အသုံးပြုနိုင်ကြောင်း အသိပေး ကြေညာချက်

Wed, 02/11/2015 - 05:50 -- Anonymous (not verified)

ပြန်ကြားရေးဝန်ကြီးဌာနရှိ စာပေဗိမာန်သည် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာနိုင်ငံဘာသာပြန်အသင်းမှ စတင်ပေါက်ဖွားလာခဲ့စဉ်မှစ၍ ယနေ့အချိန်အထိ စာပေဆုများ ချီးမြှင့်ခြင်းအပါအဝင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ မြန်မာစာပေလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ရသစာပေများ ပိုမိုထွန်းကားပြန့်ပွား ရေး၊ စာကြည့်တိုက်များ တိုးတက်ဖြစ်ထွန်းရေး၊ သတင်းနှင့် စာနယ်ဇင်းအတတ်ပညာ ခေတ်မီတိုးတက် ရေးတို့ကို ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုအဖြစ်လိုအပ်မည့် စာပေ အနုပညာနှင့် စာကြည့်တိုက် ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာပေစကားဝိုင်းများ၊ စာပေဆိုင်ရာ နှီးနှော ဖလှယ်ပွဲများ၊ စာပေဆိုင်ရာ ပြပွဲများ ပြုလုပ် နိုင်ရေး အတွက် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေ ဗိမာန်ခန်းမအား အခမဲ့ အသုံးပြုခွင့် ပေးသွား မည်ဖြစ်ပါသည်။

ထိုသို့အခမဲ့ အသုံးပြုခွင့်တွင် ခန်းမ၊ ထိုင်ခုံအပါအဝင်နေရာချထားမှုနှင့် အသံစနစ်တို့ပါဝင် မည်ဖြစ်ပြီး စိတ်ပါဝင် စားသည့် စာနယ်ဇင်းအဖွဲ့အစည်းများနှင့် စာကြည့်တိုက်အသင်းအဖွဲ့များ သည် ဦးဆောင် ညွှန်ကြားရေးမှူး ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ပြန်ကြားရေး ဝန်ကြီး ဌာန ဖုန်း-ဝ၆၇-၄၁၂၂ဝ၆ သို့ လိပ်မူ၍ တောင်းခံသည့်အဖွဲ့အစည်း၊ ဆောင်ရွက်မည့် စာပေဆိုင်ရာ အကြောင်းအရာ၊ တက်ရောက်မည့် အင်အား၊ သုံးစွဲလိုသည့်ရက် (ကာလအပိုင်း အခြားအပါ အဝင်)၊ ဦးစီးဆောင်ရွက်မည့် ပုဂ္ဂိုလ်၊ ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ်နှင့်လိပ်စာ၊ အခြားဖော်ပြ လိုသည်များ စသည်ဖြင့်ထည့်သွင်း၍ တောင်းခံနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန