အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ရှင်းလင်းမှု ဖိတ်ကြားခြင်း

Thu, 05/30/2013 - 12:18 -- Anonymous (not verified)

အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနက စာနယ်ဇင်းများနှင့် ပြည်သူများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကို အောက်ပါအတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် စာနယ်ဇင်း သမားများနှင့် စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက် နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်-

            ရက်စွဲ    -           ၈ . ၆ . ၂ဝ၁၃ (စနေနေ့)

            အချိန်    -           နံနက် (၁ဝ) နာရီ

            နေရာ    -           ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ

                                    ၂၂၈- သိမ်ဖြူလမ်း၊ ရန်ကုန်မြို့။

ပြန်ကြားရေးဝန်ကြီးဌာန