နှစ်သစ်ကူး ရုံးပိတ်ရက်များ အတွင်း သတင်းစာများ အလှည့်ကျ ထုတ်ဝေမည်

Tue, 04/09/2013 - 09:39 -- Anonymous (not verified)

နေပြည်တော် ဧပြီ ၈

မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်များ အတွင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၏ နေ့စဉ်ထုတ် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် နယူးလိုက်အော့ဖ်မြန်မာ သတင်းစာတို့ကို အလှည့်ကျ ထုတ်ဝေ သွားမည်ဖြစ်သည်။

ဧပြီ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက်တို့တွင် ကြေးမုံသတင်းစာကို ထုတ်ဝေသွားမည်ဖြစ်ပြီး ယင်းရက်များတွင် မြန်မာ့ အလင်း သတင်းစာနှင့် နယူးလိုက်အော့ဖ်မြန်မာ သတင်းစာတို့ ခေတ္တနားမည် ဖြစ်သည်။ ဧပြီ ၁၇၊ ၁၈၊ ၁၉၊ ၂ဝ၊ ၂၁ ရက်တို့တွင် မြန်မာ့အလင်း သတင်းစာနှင့် နယူးလိုက်အော့ဖ်မြန်မာ သတင်းစာတို့ကို ထုတ်ဝေ သွားမည်ဖြစ်ပြီး ယင်းရက်များတွင် ကြေးမုံသတင်းစာ ခေတ္တနားမည်ဖြစ်သည်။

သတင်းစာ ကြော်ငြာများကိုမူ သတင်းစာတိုက်များ၏ အလှည့်ကျပိတ်ရက် ကာလများတွင် ပိတ်ရက်မရှိ လက်ခံပေး သွားမည်ဖြစ်ပြီး ဧပြီ  ၂၂ရက်မစှ ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက် ထုတ်ဝေ သွားမည်ဖြစ်သည်။

(သတင်းစဉ်)