အသိပေးကြေညာချက်

Sun, 10/15/2017 - 08:05 -- user3

၁။        (၁၃) ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းဝေးများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ  နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC - I) ၌ ကျင်းပမည် ဖြစ်သည်။

၂။         အဆိုပါအခမ်းအနားသို့ တက်ရောက် သတင်းရယူလိုသော ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန Website ဖြစ်သော www.moi.gov.mm တွင်  13th ASEM Foreign Ministers' Meeting (ASEM FMM13) နှိပ်ကာ MEDIA REGISTRATION FORM တွင် ပြည့်စုံစွာဖြည့်စွက်ပြီး Submit  ပြုလုပ်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ  ၇  ရက်နေ့ ညနေ ၄ နာရီအထိ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် ဝင်ထွက်ခွင့်ကတ်များကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အတွင်း နံနက် ၁၀ နာရီမှ ညနေ ၄ အထိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ် (၇) တွင် ထုတ်ပေးသွားမည် ဖြစ်သည်။

၃။        မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဖုန်း ၀၆၇ - ၄၁၂၀၀၂၊ ၀၆၇ - ၄၁၂၁၈၇၊ ၀၆၇ - ၄၁၂၁၂၅၊ ၀၆၇- ၄၁၂၁၂၆၊ ၀၉- ၄၂၀၇၂၃၂၄၄ ၊ ၀၉- ၅၀၅၅၀၅၃ ဆက်သွယ် မေးမြန်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန