ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံတွင် ရုပ်ရှင်နှင့် ဗီဒီယိုဆိုင်ရာများ ကြည့်ရှုလေ့လာ
Post date: Fri, 08/31/2018 - 05:31
ကိုရီးယားသမ္မတနိုင်ငံ၌ လေ့လာရေးခရီးရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် ရုပ်ရှင်နှင့် ဗီဒီယိုဆိုင်ရာ လေ့လာ ရေးအဖွဲ့သည် ယနေ့တွင် ဘူဆန်မြို့ရှိ Korea Media Rating Board, Busan Asian Film School (AFiS), Busan Cinema Studios, Busan Film Commission နှင့် Korea Film Council (KOFIC) တို့ကို သွားရောက်လေ့လာကြသည်။

 

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
Post date: Fri, 08/31/2018 - 05:30

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

ဆွာတမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အားပေးထောက်ပံ့
Post date: Fri, 08/31/2018 - 05:29

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့ကာရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအား အားပေးထောက်ပံ့ မှုများပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Post date: Fri, 08/31/2018 - 05:25
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်း (နေပြည်တော် - ရန်ကုန် အပိုင်း) မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ ကြားရှိ ဆွာချောင်းတံတားသို့ ရောက်ရှိပြီး တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုအား ကျောက်ကြီးဖြည့်၍ ပြန်လည်ပြုပြင်နေမှု၊ ရေကျသွားသည့်အချိန်တွင် ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များနှင့် မော်တော် ယာဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ
Post date: Fri, 08/31/2018 - 05:24

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးများကို  ယနေ့မွန်းလွဲ ၁နာရီက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို လည်းကောင်း၊

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ကျင်းပ
Post date: Fri, 08/31/2018 - 05:23

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ
Post date: Fri, 08/31/2018 - 05:22
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

 

1
2
3
4
5
6
7

MRTV News

 

 

NPE News

နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ

ဒီကနေ့ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အသင်းကြီး ထူထောင်တာ ၅၁ နှစ်ပြည့်မြောက်တဲ့ အခါသမယဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအသင်းကြီးဟာ ဒေသတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူသန်းပေါင်း ၆၀၀ ကျော်အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်၊ရည်မှန်းချက်နှင့် ယုံကြည်မှုတွေကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခရီးဆက်လျက်ရှိပါတယ်။ ယနေ့ကျရောက်တဲ့အထိမ်းအမှတ်အခါသမယမှာ မြန်မာနိုင်ငံအတွင်းနဲ့ အာဆီယံဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၂၁ ရက်တွင် စင်ကာပူနိုင်ငံ Grand Hyatt ဟိုတယ်၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

နေပြည်တော် ဇူလိုင် ၁၁

၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၏ မိန့်ခွန်းများ

မြန်မာနိုင်ငံ၏ ပုံရိပ်ကို ရုပ်ရှင်အတတ်ပညာဖြင့် မြှင့်တင်ပေးနိုင်ရန်နှင့်  မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုနှင့် ရုပ်ရှင်အတတ်ပညာ သင်တန်းကျောင်း   ဖွင့်လှစ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများအတွက် Outdoor ရိုက်ကူးရေးနှင့် Indoor ရိုက်ကူးရေးဆောင်ရွက် နိုင်သည့် နေရာအား နေပြည်တော် တွင် ဆောင်ရွက်စေလိုကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် မီဒီယာတာဝန် ထမ်းဆောင်နေသူ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းရိုက် ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သော သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။