ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြားသည့် ၂ဝ၁၉ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

Tue, 01/01/2019 - 14:35 -- cytron_user

တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ၂ဝ၁၉ ခုနှစ်၊ နှစ်သစ်အခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန် ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။
နှစ်သစ်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ကို အမြန်ဆုံးရရှိပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ အဘက်ဘက်က မြင့်မားတိုးတက်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

တိုင်းရင်းသား ပြည်သူများ အားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Featured News: 
0