ဒုတိယသမ္မတ ၂ သတင်း

Post date: 12/19/2018 - 10:00

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် “ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။

Post date: 12/08/2018 - 19:52

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ဦးဝင်းခန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ ရောက်ရှိပြီး အထက်နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား စမ်းသပ် ထုတ်လွှတ်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

Post date: 12/07/2018 - 19:39

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေယာများအား တောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်သည်။

Post date: 12/07/2018 - 00:49

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် ဗန်းမော်မြို့နှင့် မိုးညှင်းမြို့ တို့၌ကျင်းပသည့် ပြန်လည်စွန့်လွှတ်အပ်နှံသော လယ်ယာမြေများအား မူလ တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)များ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့တက်ရောက်သည်။

Post date: 12/05/2018 - 20:38
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိန်ှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
 
Post date: 12/03/2018 - 21:04

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

Post date: 11/07/2018 - 21:08

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်း အနားကို ယနေ့ ညနေ ၆ နာရီခွဲ တွင် နေပြည်တော်ရှိ Hotel MAX ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

Pages