နိုင်ငံတော်သမ္မတသတင်း

Post date: 07/03/2018 - 18:11

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပတရစ် ဘရန်ဒန်ချဂ်သည် ယနေ့နံနက် ၁ဝ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြီးယားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စစ် အီဗာ ဟာဂါသည် နံနက် ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။

 
Post date: 06/27/2018 - 17:23

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့ မည့် မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

Post date: 06/26/2018 - 21:11
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။
 
Post date: 06/26/2018 - 12:18

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

Post date: 06/19/2018 - 11:11

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်း အနီးတွင် တည်ထားကိုးကွယ် မည့် ထာဝရငြိမ်းချမ်းရေး စေတီတော် သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

Post date: 06/16/2018 - 21:09

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဗန်ကောက်မြို့ရှိ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့်

Post date: 06/15/2018 - 18:23

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် ACMECS CEO Forum “Connecting our Future:Enhancing ACMECS Cooperation and Integration “ဖွင့်ပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

Pages