နိုင်ငံတော်သမ္မတသတင်း

Post date: 07/16/2018 - 21:03

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ဂျပန် နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E.Mr.Hiroto IZUMI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 07/13/2018 - 17:51

အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး(၂/၂၀၁၈) ကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်အမှာစကား ပြောကြား သည်။

Post date: 07/13/2018 - 17:41

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၈)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

Post date: 07/12/2018 - 23:00

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ သည်။

 
Post date: 07/12/2018 - 22:55

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီး H.E. Dr. Peter JAKAB နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Brendan Gerard Rogers တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

 
Post date: 07/10/2018 - 18:02

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူနှင့် ဦးသိန်းဆွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် မော်တော်ယာဉ်များဖြင့် တောင်ကြီးမြို့ မှ ဟဲဟိုးလေဆိပ် သို့ရောက်ရှိကြသည်။

Post date: 07/09/2018 - 21:18
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူနှင့် ဦးသိန်းဆွေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်အပြည်ပြည်ဆ်ိုင်ရာလေဆိပ်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးလေဆိပ်သို့ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
 
Post date: 07/05/2018 - 22:03

၂ဝ၁၈ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပရာ

Post date: 07/03/2018 - 18:11

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပတရစ် ဘရန်ဒန်ချဂ်သည် ယနေ့နံနက် ၁ဝ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြီးယားနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စစ် အီဗာ ဟာဂါသည် နံနက် ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။

 

Pages