နိုင်ငံတော်သမ္မတသတင်း

Post date: 09/05/2018 - 20:38

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံဆိုင်ရာ အီတလီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စစ် အလက်ဇန္ဒရာ စကီရာဗို သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ၎င်း၏ သံအမတ် ခန့်အပ် လွှာကို ပေးအပ်သည်။

Post date: 09/04/2018 - 20:46
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ နန္ဒီမစ်သရ ဧကနရက  သည် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
 
Post date: 09/04/2018 - 20:40
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာ နိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဂျွန်နေလ်စင်  သည် ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
 
Post date: 09/01/2018 - 20:57

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားပူဇော်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော် အလယ်ဌာပနာတော်သွင်း၊ အတွင်းစေတီတော်နှင့် ပုံတော်ပွားစေတီတော်တို့အား ရွှေစင်ရွှေသား ရွှေထီးတော်တင် မဟာ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို၍ အလယ်ဌာပနာတော်များ သွင်းလှူပူဇော်ကြပြီး ရွှေထီးတော်များ တင်လှူ ပူဇော်ကြသည်။

Post date: 08/31/2018 - 23:08
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ စတုတ္တအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တက်ရောက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ဘူတန်နိုင်ငံကြားဖြတ် အစိုးရအဖွဲ့အကြီးအကဲနှင့် နီပေါကုန် သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် သီးခြားစီတွေ့ဆုံသည်။
 
Post date: 08/31/2018 - 23:03
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် ယနေ့တွင်  ဘင်းမ်စတက်ထိပ်သီး(သီးသန့်)အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးပိတ်ပွဲ အခမ်းအနားတို့သို့တက်ရောက်သည်။
 
Post date: 08/30/2018 - 19:38

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ယနေ့ တွင်ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲ များစုပေါင်းတွေ့ဆုံပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး သို့တက်ရောက်သည်။

Post date: 08/30/2018 - 19:08

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ Mr. Maithripala Sirisena တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Soaltee Crown Palaza Hotel , Board Room ၌ တွေ့ဆုံကြသည်။

Post date: 08/29/2018 - 22:33

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့သည် ယနေ့တွင် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမှတ် (၅)ပြည်နယ်၊ Bharawaမြို့ လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ ဗုဒ္ဓဘုရား ရှင်ဖွားမြင်တော် မူရာနေရာအား ဖူးမြော်ကြည်ညိုကြသည်။

Pages