ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာယုကာရိဆာတိုးနှင့် အဖွဲ့တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဖေမြင့်သည် ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ယုကာရိဆာတိုးနှင့် အဖွဲ့တို့အား ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန်နိုင်ငံမှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကူညီပေးနေမှုများနှင့် ရုပ်သံလွှင့် စက်ပစ္စည်းများကူ ညီထောက်ပံ့ ပေးနေမှုအခြေအနေများ၊ ဂျပန်နိုင်ငံအနေဖြင့် ရုပ်သံလွှင့် ကဏ္ဍတွင်သာမက ရုပ်ရှင်ကဏ္ဍတွင်လည်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ၊ NHK သတင်းဌာနနှင့် ရွှေသံလွင် ကုမ္ပဏီတို့ ပူးပေါင်း၍ Dream Vision ကုမ္ပဏီအသစ် မြန်မာနိုင်ငံတွင် အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဂျပန်-မြန်မာပူး ပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား တစ်နိုင်ငံအကြောင်းကို တစ်နိုင်ငံက ပိုမိုသိရှိနားလည်နိုင်ရေး Documentary အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရေးနှင့် Content ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama ၊ ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Global Strategy Bureau ၏ ညွှန်ကြားရေးမှူးချုပ် Mr. Mabito Yoshida  နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)