နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တောင်းဆုရ “၀” စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁

တောင်းဆုရ “၀” စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အဆိုပါ စေတီတော်ရင်ပြင်ယာယီမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက် ရောက်ဖူးမြော်ကြည်ညိုကြသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော် သံဃာတော်များကြွရောက်တော်မူကြပြီး ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး ဒေါ်နန့် ကြင်ကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး၊နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ယာယီမဏ္ဍပ်အတွင်း ကိန်းဝပ်စံပယ်တော် မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကနမောတဿ သုံးကြိမ် ရွတ်ဆို၍ တောင်းဆုရ “၀” စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နေပြည်တော်တိုင်း သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန ၱပညာသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ကြသည်။

ဆရာတော်သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာသုံးပါး ဂုဏ်တော် နှင့် ပုဗ္ဗဏှသုတ်တော် ပရိတ်တရားတော်များကိုရွတ်ပွား သရဇ္စျာယ်တော်မူကြရာ ဧည့်ပရိသတ် များက နာယူကြည်ညိုကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲ များကို စေတီတော်ပရိဝုဏ်အတွင်း ပက်ဖြန်းကြဲဖြန့် ချည်နှောင်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့က စေတီတော်၏ ရတနာ စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငှက်မြတ်နားတော်၊ သာသနာ့တံခွန်တိုင်၏ စိန်ဖူးတော်နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်းဘုံတော်များ၊ ဆပ်သွားဖူးတော်၊ ရွှေထီးတော်ဘုံဆင့်များနှင့် ရွှေခေါင်းလောင်းတော်များကို ပင့်ဆောင်၍တောင်းဆုရ “၀” စေတီ နောင်တော်ဘုရားအား လက်ယာရစ်လှည့်လည်၍ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပို့ဆောင်ပူဇော်ကြသည်။

ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောဓိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးဒေါ်ခင်သက်ဌေးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရွှေထီးတော် ဘုံဆင့်များ၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို ပရိတ်နံ့သာရေ၊ အောင်စံပယ်ပန်း၊ အောင်သပြေ ပန်းများဖြင့် ပက်ဖြန်း ချိတ်ဆွဲကြပြီး မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်ကြသည်။ မင်္ဂလာအချိန်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ရှေးထုံးကျမ်းဂန်နှင့် အညီ စေတီတော်အထွတ်၌ အစီအစဉ်အတိုင်း တင်လှူပူဇော်ကြပြီး ရွှေထီးတော်ကို ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်များဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်းပူဇော်ကြသည်။

ယင်းနောက် သာသနာ့တံခွန်တိုင်၌ ရွှေထီးတော်၊ ဆပ်သွားဖူးတော်၊ ဇွန်းဘုံတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို လက်ဆင့်ကမ်းတင်လှူပူဇော်ကြပြီး ပရိတ် နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်များဖြင့် ပက်ဖျန်းသန့်စင်သွန်းလောင်း ပူဇော်ကြ သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် သာသနာ့တံခွန်တိုင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား အမွှေးနံ့သာ ရည်များ ပက်ဖြန်းပူဇော်ကြပြီး ရတနာရွှေမောင်းတော်နှင့် ရတနာခေါင်းလောင်းတော်တို့ကို တီးခတ်ပြီး အမွှေးနံ့သာ ရည်များပက်ဖြန်ပေးကြသည်။

ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပရာ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောဓိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက တောင်းဆုရစေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက်သွန်းတော်မူကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးဒေါက်တာရွှေလွှမ်းနှင့် အခမ်းအနား သို့တက်ရောက်လာကြသူများက ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

(သတင်းစဉ်)