တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ ကိုယနေ့ နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(၃) ၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်း ဒေသကြီး အသင်းကို ခြောက်ဂိုး - နှစ်ဂိုးဖြင့် လည်းကောင်း၊ ညနေ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၁) ၌နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ နေပြည်တော်အသင်းမှ မန္တလေးတိုင်းဒေ သကြီး အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၃)၌မွန်ပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ် အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်