ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပူတာအိုမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယမန် နေ့နံနက်ပိုင်းတွင် ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၌ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှုစက်ချုပ်နှင့် သိုးမွေးထိုးသင်တန်းတို့တွင် တက်ရောက်နေသောသင်တန်းသူများ ၏ သင်ကြားလေ့ကျင့် နေမှုများ၊ သင်တန်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုကြည့် ရှုစစ်ဆေးပြီးလိုအပ်ချက် များဆောင် ရွက်ဖြည့်ဆည်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာတာဝန်ရှိသူတစ်ဦးက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့်ဝန်ထမ်းများ၏ သက်သာချောင်ချိရေး တို့ကိုတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ကဖြည့်ဆည်းပေးပြီး ကျောင်းသား၊ ကျောင်းသူ များကို အတန်းပညာအပြင် စည်းကမ်း၏တန်ဖိုး၊အချိန်ကိုတန်ဖိုးထား စနစ်တကျ ခွဲဝေအသုံး ချရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာသန်စွမ်းရေး တို့ကိုလေ့ကျင့်ပေးသည့်အပြင် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ရန်မှာကြားပြီး ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနေဝေးလံခေါင်းပါးသော နယ်စပ် ဒေသလူငယ်များ ပိုမိုလက်ခံ သင်ကြားပေးနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသော ကျောင်းသား (၃)ထပ်အိပ်ဆောင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူ တစ်ဦးက တည်ဆောက်ရေးဆိုင်ရာများကိုရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင်သို့ သွားရောက် နိုင်မည့် အထက်ရှန်ခေါင် - ဝါဆာဒမ်း-နမ်ရိုထု-ဇီယာဒမ်းမြေသားလမ်း(၂၂)မိုင်အနက် ဆောင်ရွက် ပြီးစီးနေသော မြေသားလမ်း (၁/၇)မိုင် ကိုကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ (ပထမ(၆)လ) ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်နေသော ပူတာအို-နမ်ထွမ်ခူး ကျောက်လမ်း (၇/၄)မိုင် တည်ဆောက်ပြီးစီးမှု၊ ပူတာအိုမြို့နယ် လန်းတောင် ကျေးရွာအုပ်စုနှင့် မကပ် မုန်ကျေးရွာအုပ်စုကျေးရွာ ချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း၊ လန်းတောင် ကျေးရွာအုပ်စုမှ မာမိန်ကျေးရွာနှင့် မာမိန်ရှီးဒီကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များနှင့် ဇီးအွန်-လန်းတောင် ကျောက်လမ်းဆောင်ရွက်ပြီး မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်း စပ်ညှိနှိုင်းဖြည့်ဆည်း ပေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်နယ်စပ်ဒေသများ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိရာကချင်ပြည်နယ် အတွင်းရေရှည်တည်တံ့မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

(သတင်းစဉ်)