ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၀

သတင်းအချက်အလက်ဆိုင်ရာအရာရှိ Chief Information Officer (CIO)များ၏ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ကျင်းပသော Workshop on Cyber Security in Myanmarကို ယမန်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) နေပြည်တော်၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dr. Sato Yukari တို့ တက်ရောက် အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ လွှတ်တော်(၃)ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ CIO များ တက်ရောက်ခဲ့ကြ သည်။

ဆွေးနွေး

အလုပ်ရုံဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ MIC မှ Mr.Taro Hashimoto က Cyber Security Policyin Japan ခေါင်းစဉ်ဖြင့် လည်းကောင်း၊ JICA မှ Mr. Hiroto Yamazaki က“ Technical Cooperation in Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက '' Current Cyber Security Status and Challenges in Myanmar'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ Fujitsu မှ Mr. Tatsuya Kawahara က “Introduction to Cyber Security Trend and Fujitsu Initiatives”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဂျပန်နိုင်ငံ NEC Corporation မှ Ms. Miho Naganuma က ''NEC’s Approach to Cyber Security'' ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်