ရန်ကုန်

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ ပြန်လည်ထွက်ခွာ

ရန်ကုန် ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသား အစီအစဉ်တစ်ရပ် အနေဖြင့် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။     

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် (၂၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

ရန်ကုန် ဇန်နဝါရီ ၁၂

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (၂၃) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို တရားမျှတမှုများနှင့် အဂတိတရားကင်းရှင်းအောင် ချီးမြှင့်သွားမည်

ရန်ကုန် ဇန်နဝါရီ ၁၁

၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို အမှန် တရား၊ တရားမျှတမှုများနှင့် ပိုမိုနီးစပ်ပြီး အဂတိတရား ကင်းရှင်းအောင် ချီးမြှင့်သွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPO) ရုပ်ရှင်ရုံ၌ ကျင်းပသည်။

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၂၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၉) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

မြန်မာ-ဂျပန် ဂီတပွဲတော် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မည်

ရန်ကုန် ဇန်နဝါရီ ၁၀

၂ဝ၁၉ ခုနှစ်အား မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ်အဖြစ် သတ်မှတ်

နေပြည်တော် ဇန်နဝါရီ ၁ဝ

ဂျပန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အတွက် ၂ဝ၁၉ ခုနှစ်အားMekong-Japan Exchange Year 2019အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် လှုပ်ရှားမှုများ ဆောင်ရွက်သွားရန် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလက ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် (၁ဝ)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး၌ သဘောတူညီခဲ့ကြကြောင်း သိရသည်။

(၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၀

Pages