မြစ်ကြီးနား

ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူ ကချင်ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများတွေ့ဆုံ

မြစ်ကြီးနား ဇန်နဝါရီ ၉

ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဆမားဒူးဝါဆင်ဝါးနောင်ခန်းမ၌ ကချင်ပြည်နယ်/ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မိတ်ဆက်ပေး သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာ ပြည်သူများ ရှိသော စခန်းများအား ထောက်ပံ့မှုများ ဆောင်ရွက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေတ္တာရင်ခွင် ပရဟိတဂေဟာ နှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေး နှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

မန္တလေး-မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် အမှတ်(၃၃)အဆန်၊ (၃၄)အစုန် လူစီး အမြန်ရထား၌ စက်ခေါင်းသစ်၊ တွဲအသစ်များဖြင့် စတင်ပြေးဆွဲ

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉

ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး သက်မွေးပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Myanmar Kindness Group တို့ ပူးပေါင်း၍ ရွှေ့ပြောင်းစခန်းများရှိ လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကာလတို သက်မွေးပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့၊ မိုင်းနား (KBC) ရွှေ့ပြောင်းစခန်း၌ ကျင်းပသည်။

ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန် မြစ်ကြီးနား တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ညှိနှိုင်းဆွေးနွေးကြသည်။