နေပြည်တော်

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၃

လှိုင်သာယာမြို့နယ်အတွင်း သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

နေပြည်တော် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းခွင်မပျက်ဆောင်ရွက်ပေးခဲ့

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပူတာအိုမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယမန် နေ့နံနက်ပိုင်းတွင် ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၌ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှုစက်ချုပ်နှင့် သိုးမွေးထိုးသင်တန်းတို့တွင် တက်ရောက်နေသောသင်တန်းသူများ ၏ သင်ကြားလေ့ကျင့် နေမှုများ၊ သင်တန်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုကြည့် ရှုစစ်ဆေးပြီးလိုအပ်ချက် များဆောင် ရွက်ဖြည့်ဆည်းပေးသည်။

ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဘဲလင်းဒေသတွင် PowerGen Kyaukse Co.,Ltd. မှ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းရေး တွေ့ဆုံညှိနှိုင်း

နေပြည်တော် ဇန်နဝါရီ ၁၂

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းရေး တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကနောင်ခန်းမ၌ ကျင်းပရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများ၊ လှိုင်သာယာမြို့နယ် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိခင်ဝိုင်းများ ဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို ထောက်ပံ့ခြင်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ မြို့နယ် ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် Minoru – Keiwa Myanmar Co.ltd., မှ မန်နေဂျင်းဒါရိုက်တာတို့ တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် Minoru – Keiwa Myanmar Co.ltd., မှ မန်နေဂျင်းဒါရိုက်တာ Masaaki Kitagawa တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ခေတ်မီလယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အခြေခံပညာဦးစီးဌာနနှင့် အခြားဦးစီးဌာနများ၏ ပညာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် အခြားဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်း အစည်အဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်း

နေပြည်တော် ဇန်နဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အိုင်စီတီကျွမ်းကျင်ရေး ဆောင်ရွက်

" တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ပူးပေါင်း၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား" တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

Pages