စစ်ကိုင်း

ကလေးစာပေပွဲတော်(စစ်ကိုင်းမြို့) ပထမနေ့တွင် လာရောက်ဆင်နွှဲသူများဖြင့် စည်ကားများပြား

 
စစ်ကိုင်း ဇန်နဝါရီ ၁၃
 

စစ်ကိုင်းမြို့တွင် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

 
စစ်ကိုင်း - ဇန်နဝါရီ ၁၃
 
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပသည်။
 

ကလေးစာပေပွဲတော် (စစ်ကိုင်း) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်

စစ်ကိုင်း ဇန်နဝါရီ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  ပွဲတော်တွင် ခင်းကျင်းပြသမည့် ပြခန်းများကို ကြည့်ရှုကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနကို ကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဇန်နဝါရီ ၁၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ညနေ ၅ နာရီတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ( Community Centre) ကို  ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် လူထုအခြေပြု ဗဟိုဌာန အတွင်းရှိ ပြည်သူ့စာကြည့်တိုက်နှင့် ပြတိုက်ငယ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်နေကြသည့် ကလေးငယ် များအား ကြည့်ရှု အားပေးပြီး ကစားစရာအရုပ်များ ပေးအပ်ခဲ့သည်။

ဒုတိယဝန်ကြီးဦးအောင်လှထွန်း စစ်ကိုင်းမြို့၌ကျင်းပမည့် ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဇန်နဝါရီ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ ညနေ ၅ နာရီခွဲတွင် စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၁၃ မှ ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

အမှတ်(၃) အထည်စက်ရုံခွဲ (စစ်ကိုင်း) နှင့် မတ္တရာမြို့နယ် စကျင်ကျောက်ပြားထုတ်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့နံနက်ပိုင်း တွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းရန် စီစဉ်လျက်ရှိသော အမှတ်(၃)အထည် စက်ရုံခွဲ(စစ်ကိုင်း)သို့ ရောက်ရှိပြီး စက်ရုံ၏ ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေး သည်။