တက္ကသိုလ်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အေးချမ်းသာယာသော သင်ယူမှု ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေး ပညာရေးစကားဝိုင်း ကျင်းပ

Mon, 01/14/2019 - 10:53 -- admin

တက္ကသိုလ်တွေဟာ လောလောဆယ်မှာ အစိုးရရဲ့ ဝင်ငွေပေါ်မှာပဲ ရပ်တည်နေရတဲ့အတွက် ပညာရေး ဝန်ကြီးဌာနကလည်း တက္ကသိုလ်တွေ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ရပ်တည်နိုင် ဖို့အတွက် အစီအမံတွေ ဆောင်ရွက်နေပါတယ်

ဒေါက်တာ ကျော်ကျော်ခေါင် (ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်)

တက္ကသိုလ်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အေးချမ်းသာယာသော သင်ယူမှု ဝန်းကျင်ကောင်းဖော်ဆောင်နိုင်ရေး ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်၊ မ္တလေးကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မိုးပွင့်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာ စီးတီး) ပါမောက္ခချုပ် (တာဝန်) ဒေါက်တာ အောင်ဝင်းနှင့် တောင်ငူပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုး တို့က ပါဝင်ဆွေးနွေးခဲ့ကြသည် -

ယမန်နေ့မှအဆက်

အစီအစဉ်မှူး ။ ။ တက္ကသိုလ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ထားရှိမှုအပေါ်မှာ ကျောင်းသား ၊ကျောင်းသူေ တွဘက်က ဘယ်လိုမျိုး တုံ့ပြန်မှုတွေ ရှိပါသလဲရှင်။

ဒေါက်တာကျော်ကျော်ခေါင်။ ။ ကျောင်းသား၊ ကျောင်းသူတွေက တက္ကသိုလ်နယ်မြေ သာယာ၀ပြောရေး အတွက်၊ သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ကျောင်းနေပျော်ပြီး စာတော်ဖို့အတွက် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ကြပါတယ်။ ၂၁ ရာစု ကလေးငယ် တွေဟာ ICT နဲ့ အမြဲတမ်းထိတွေ့မှုရှိတဲ့ အတွက် သူတို့ရဲ့အမြင်ဟာ ကျယ်ပြန့်ပါတယ်။ အဲဒါကိုလည်း အားပေးရမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ စာသင် ခန်းထဲမှာတင် မကျေနပ်နိုင်ဘဲ စာသင်ခန်းပြင်ပက လှုပ်ရှားမှုတွေကိုလည်း တက်တက်ကြွကြွလုပ်ဖို့ အတွက် အမြဲတမ်း လျော်ကန်တည့်မတ်တဲ့ အကြံဆိုရင် ဆရာကြီးတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးပါတယ်။ အမြဲတမ်းဆောင်ရွက်နိုင်အောင် လည်း လမ်းဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအသိ ကျယ်ပြန့်ဖို့ရည်ရွယ်

ကျွန်တော်တို့တက္ကသိုလ်အနေနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ ဒိန်းမတ်သံရုံးနဲ့ MoU ရေးထိုးပြီးတော့ ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ Danish Institute of Human Right (DIHR) ကနေ ဖွင့်လှစ်ထားတဲ့ Human Right Resource Centre ရှိပါ တယ်။ Human Right Resource Centre ရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ ဗဟုသုတကျယ်ပြန့်စေဖို့ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တက္ကသိုလ် နှစ်ခုပဲ တည်ထောင်ထားနိုင်ပါသေးတယ်။
ဒါကြောင့် အရှေ့ပိုင်းတက္ကသိုလ် စာကြည့်တိုက်မှာ DIHR ရဲ့ Human Right Resource Centre ကို ဖွင့်ထားပြီး Law ကျောင်းသားတွေအပြင် ကျန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာတွေ သွားရောက်ပြီး လေ့လာနေတာ တွေ့ရပါတယ်။ Human Right Resource Centre မရှိသေးတဲ့ ဌာနတွေကလည်း အရှေ့ပိုင်း တက္ကသိုလ်ရဲ့ Home Page ကို ဖွင့်ကြည့်ပြီး စာအုပ်တွေ ဖတ်ရှုနိုင်ပါတယ်။ လက်ရှိအခြေအနေ အရ Human Right Knowledge က အင်မတန်မှ အရေးကြီးလာတာ ဖြစ်ပါတယ်။ အဲဒီ အတွက် ဥပဒေကျောင်းသားတွေဟာ စာကြည့် တိုက်မှူးနဲ့ တိုင်ပင်ပြီးတော့ Human Right Resource Centre တွေမှာ သူတို့ Duty အဆိုင်းချပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တွေကြားမှာ Human Right နဲ့ တရားဥပဒေ စိုးမိုးရေး အသိပညာတွေ ပြန့်ပွားလာအောင် လုပ်အားပေး တဲ့အဖွဲ့တွေ ရှိပါတယ်။ ကျွန်တော်ကလည်း သူတို့ရဲ့စိတ်ဓာတ်တက်ကြွအောင်၊ အလေ့အထလေးတွေ အစဉ်အဆက် မပြတ်ဖြစ် အောင်အားပေးမှုတွေ စီမံဆောင် ရွက်ပေးရပါတယ်။ တက္ကသိုလ်နယ်မြေ အေးချမ်းသာယာရေး အတွက် တက္ကသိုလ်ေ ကျာင်းသား၊ ကျောင်းသူတွေပါဝင်မှုက အားရစရာကောင်းတယ်လို့ ဆိုရမှာဖြစ် ပါတယ်။

အစီအစဉ်မှူ ။ ။ တက္ကသိုလ် ကျောင်းတွေမှာ သင်ယူလိုတဲ့ ပတ်ဝန်းကျင် ကောင်းဖြစ်ဖို့ ဘာတွေများ လိုအပ်ပါသလဲရှင်။

ဒေါက်တာအောင်ဝင်း ။ ။ တက္ကသိုလ်တွေမှာသင်ယူလိုတဲ့ ပတ်ဝန်း ကျင်ကောင်းဖြစ်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံက အဓိကအရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ ကိုစဉ်းစား တဲ့ အခါမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပညာရေးပုံစံ၊ နောင်ဖြစ်ပေါ်လာမယ့် ပညာရေးပုံစံ တွေကိုအခြေခံပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိရှိနေတဲ့ စာသင်ခန်းတွေမှာ ခုံရှည်တွေ၊ Row တွေ၊ Column တွေ ခွဲထားတဲ့စနစ် ကကျောင်းသားတွေရဲ့ 21st Century Skills ကိုကောင်းကောင်း Support မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဦးစားပေးအနေနဲ့ စာသင်ခန်းတွေ အတွက် ကျောင်းသားတွေရဲ့ Activities ပေါ်မူတည်ပြီး Group ဖွဲ့နိုင်တဲ့ ပုံစံမျိုးနဲ့ လိုက်လျောညီ ထွေဖြစ်မယ့် စာသင်ခန်းတွေကို စပြီးတော့ပြောင်းဖို့ လိုအပ် ပါတယ်။

မြို့ငယ်လေးလို ပြည့်စုံရန်လို

ဒါ့အပြင် ကျောင်းသားတွေကို 21st Century Skills ရအောင် အဓိကသွားနေတာ ဖြစ်တာကြောင့် အခြေခံအဆောက်အအုံပိုင်းမှာ Maker Space တွေ အရေးကြီးပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေ လေ့လာတဲ့အခါမှာ Maker Space တွေ၊ Sub-Lab တွေ ပြင်ဆင်ထားတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေဟာလည်း ပြောင်းလဲ လာမယ့် ပညာရေးပုံစံကို စဉ်းစားပြီးတော့ စာသင်ခန်းတွေ၊ ကျောင်းသားတွေအတွက် Formal, informal, Gathering Space တွေ အပါအဝင် ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံပြည့်စုံအောင် စဉ်းစားထားပေးဖို့လိုအပ်ပါတယ်။ တက္ကသိုလ်ဆိုတာ မြို့ငယ်လေး တစ်ခုလို ပြီးပြည့်စုံနေရမှာ ဖြစ်ပါတယ်။ ဒါမှကျောင်းသားတွေကသင်ယူမှုမှာ အာရုံစိုက်နိုင်မှာဖြစ်သလို သင်ကြားရေးဝန်ထမ်းတွေကလည်း သင်ကြားရေးနဲ့ သုတေသနကို အာရုံစိုက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးမှလည်း သင်ကြားမှု၊ သင်ယူမှု Process ကြီးက အရှိန်အဟုန်မြင့်လာမှာဖြစ်တဲ့ အတွက် Physical infrastructure ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံကို ပြုပြင်ပြောင်းလဲဖို့၊ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

အစီအစဉ်မှူး ။ ။ ဒီမေးခွန်းအပေါ်မှာ ဆရာကြီးဦးအောင်မြတ်စိုးက ဆက်ပြီးဆွေးနွေးပေးပါဦး။

ဆရာကြီးဦးအောင်မြတ်စိုး ။ ။ အဆင့်မြင့် ပညာကို လေ့လာတဲ့ အခါမှာ သင်ရိုးညွှန်းတမ်း သင်ကြား သင်ယူမှုကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ Physical infrastructure ကောင်းမွန်ပြီး Curriculum, Syllabus, Teaching Learning တွေ ကောင်းကောင်းသုံးနိုင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် Teaching Learning တွေထဲမှာ Thinking Skills တွေ ပါဝင်နိုင်အောင်၊ interaction များများ ပါနိုင်အောင် entrepreneurial Skills တွေ၊ Smart Mind တွေထိ ဖွံ့ ဖြိုးတိုးတက်လာနိုင်တဲ့ Teaching Learning တွေကို ဖန်တီးပေးဖို့လိုပါတယ်။ဒီလို Teaching Learning တွေ ဖြစ်နိုင်ဖို့ Project Oriented Learning တွေ၊ Problem Oriented Learning တွေ၊ Case Study Based Learning မျိုးတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ ဒါမှသာ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့လေ့လာနေတဲ့ အရင်ကပုံစံ Passive Learning ကနေ Active Learning ကို ကူးပြောင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ Physical infrastructure တွေ ကောင်းကောင်းသုံး နိုင်ဖို့ဆိုရင် ဘာသာရပ်တွေ အလိုက် လိုအပ်နေတဲ့ Chemical တွေ၊ Apparatus တွေ၊ equipment တွေ ပြည့်စုံတဲ့ လက်တွေ့ခန်းတွေ လိုအပ်ပါတယ်။ ဘာသာရပ် အလိုက် လိုအပ်နေတဲ့ Maker Space တွေ၊ ဥပမာအားဖြင့် Metal Working, Wood working, Prototyping, Electronics shop, Print making, Ceramics တွေအတွက် ပြည့်စုံကောင်းမွန်တဲ့ လက်တွေ့ခန်းတွေရှိ ဖို့လိုအပ်ပါတယ်။ နောက် informal Gathering Space တွေလည်း ရှိနိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ထိရောက်တဲ့ ပညာရေး

နောက်ထပ် integrated Design Project တွေ၊ Learning တွေကို လုပ်မယ်ဆိုရင် ဘာသာရပ်တွေ၊ ကျွမ်းကျင်မှုတွေ၊ မတူညီတဲ့သူတွေပူးပေါင်းခြင်းအားဖြင့်လည်း ပိုပြီးတော့ အကျိုး ဖြစ်ထွန်းလာနိုင်မယ်လို့ ထင်ပါတယ်။ နောက် တစ်ချက်အနေနဲ့ဆိုရင် Teaching Learning တွေကို ပေးတဲ့အချိန်မှာ Libraryကို များများ သုံးနိုင်တဲ့ ပုံစံတွေကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘာသာရပ်အလိုက် လိုအပ်တဲ့ Assignment တွေ ပေးမယ်ဆိုရင် မဖြစ်မနေ Library, e-libraryကို သူတို့သုံးရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ Online Resource တွေနဲ့ information တွေ သုံးလာမယ်ဆိုရင် ပိုပြီးတော့ ထိရောက်တဲ့ သင်ကြား သင်ယူမှုတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဥပမာ-ပညာရေးကောလိပ်တွေဟာ အခြေခံပညာမှာ အမှန်တကယ် ထိရောက်တဲ့ Quality education တွေ ပေးနိုင်ဖို့ တကယ့် Quality Teacher တွေကို မွေးထုတ် ပေးနေတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ အဆင့် မီတဲ့ Curriculum တွေ၊ Syllabus တွေကို ကောင်းကောင်းသုံးရမှာ ဖြစ်ပါတယ်။ ပညာရေးကောလိပ်ဆင်း ဆရာ ဆရာမတွေဖြစ်လာမယ့် သူတွေက ကလေးတွေကို CCA ခေါ်တဲ့ Child Centre Approach နဲ့ မဖြစ်မနေ သင်ကြားရမှာပါ။ ဒီလိုပဲ ကျောင်းသားတွေ ကလည်း Learner Centre Approach နည်းနဲ့ လေ့လာသင်ယူ ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့ အဓိကလိုအပ်တဲ့ Hard Skills တွေအပြင် Soft Skills တွေပါ ရသွားမယ်ဆိုရင် သူပြန်လည်ပို့ချမယ့် ကလေးတွေကို ထိရောက်တဲ့ပညာရေး ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဆင့်မြင့် ပညာကို လေ့လာတဲ့အခါ နောက်ထပ် Personalized Modular education တွေလည်း ဖန်တီးပေးနိုင် မယ်ဆိုရင် တကယ့်အဆင့်မြင့်ပညာကို ပျော်ပျော်ရွှင်ရွှင် ထိထိရောက်ရောက်နဲ့ သင်ကြားနိုင်တဲ့ ပညာရေး တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

အစီအစဉ်မှူး ။ ။ အခု နောက်ဆုံးအနေနဲ့တက္ကသိုလ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစွာနဲ့အတူ ပညာသင်ကြားနိုင်ဖို့ စီစဉ် ဆောင်ရွက် ထားရှိမှုတွေ အပေါ်မှာ ကျောင်းသား၊ ကျောင်းသူတွေဘက်က ဘယ်လိုမျိုး ပံ့ပိုးကူညီရမလဲရှင့်။

ဒေါက်တာကျော်ကျော်ခေါင်။ ။ Campus ကြီးသာယာ၀ပြောဖို့အတွက် ပါမောက္ခချုပ်နဲ့ဆရာ၊ ဆရာမတွေနဲ့ပဲဆောင်ရွက်လို့ မရပါဘူး။ ဆရာသမဂ္ဂတို့၊ ကျောင်းသားသမဂ္ဂတို့ လူမှုရေးအဖွဲ့ အစည်းတွေ အားလုံးညီညီညွတ်ညွတ် ပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ၂၁ ရာစုမှာ ကြီးပြင်းကြမယ့် မျိုးဆက် တွေဟာ တွေးခေါ်ပုံတွေကအစ ပြောင်းလဲသွားကြပါပြီ။ ဆရာ၊ ဆရာမတွေက စာသင်တာထက် ပိုတာဝန်ကြီးတဲ့ Resource Person ဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျောင်းသူကျောင်း သားတွေက Mobile Phone တွေကနေ အင်တာနက်ကို သူတို့ကိုယ်တိုင် ဝင်ရောက်ကြည့်ရှု နိုင်တဲ့ အတွက် ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့သင်ကြားနည်းတွေ၊ သူတို့လှုပ်ရှားနေတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက် တာတွေ အတိမ်အနက်ကို သူတို့သဘောပေါက်ကြပါတယ်။

ကိုယ်ပိုင်ရပ်တည်ဖို့ အစီအမံဆောင်ရွက်

တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဟာတက္ကသိုလ်နယ်မြေ သာယာ၀ပြောလာစေရေးအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ရှောရှောရှူရှူဖြစ်အောင် အပြုသဘောနဲ့ ဝင်ရောက်ပါဝင်ကူညီဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တွေဟာ လောလောဆယ်မှာ အစိုးရရဲ့ ဝင်ငွေပေါ် မှာပဲ ရပ်တည်နေရတဲ့အတွက် ပညာရေးဝန်ကြီးဌာနကလည်း တက္ကသိုလ်တွေ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အစီအမံတွေဆောင်ရွက်နေပါတယ်။ ကိုယ်ပိုင်လွတ်လွတ်လပ် လပ်ရပ်တည်နိုင်တဲ့ အခြေအနေရောက်ရင်ကျောင်းသားတွေရဲ့ ပါဝင်ဆောင်ရွက်မှု ကတက္ကသိုလ်နယ်မြေအတွက် အင်မတန်မှပဲ အရေးကြီးပါတယ်။ အဲဒီအတွက် အလေ့အကျင့်ကောင်း တစ်ခုဖြစ်အောင် သူတို့ရဲ့ တက္ကသိုလ်နယ်မြေ သာယာ ၀ပြောရေးလုပ်ငန်း ဆောင်ရွက်ချက်တွေမှာ လိုလိုချင်ချင် ဝင်ရောက်ကူညီနေတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အခုအခြေအနေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လည်း တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ကျောင်းသားတွေ အကျိုး မျှော်ကိုးပြီး တောင်းခံတဲ့အခြေ အနေတွေကို ပံ့ပိုးပေးဖို့နဲ့ အရင်ထက် တိုးမြှင့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဥပမာ - ဝန်ထမ်းအိမ်ရာအတွက် သော်လည်းကောင်း၊ အားကစားရုံအတွက်သော်လည်းကောင်း၊ အခြား သင်ကြားသင်ယူမှု အထောက် အကူပြု ပစ္စည်းတွေအတွက်ေ သာ်လည်းကောင်း၊ အဲဒီကိစ္စတွေလည်း အင်မတန် အရေးကြီးပါတယ်။ အခုဆိုရင် တက္ကသိုလ်ပေါင်း၁၃၄ ကျောင်းဟာ ပညာရေးဝန်ကြီးဌာန ကိုရောက်ရှိလာပြီဖြစ် တဲ့အတွက် တက္ကသိုလ်စုစည်းတဲ့ အင်အားဟာ အနာဂတ်မြန်မာနိုင်ငံပညာရေး အတွက် အင်မတန်အားရ စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ အဓိကကျတဲ့ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုသလိုတက္ကသိုလ်နယ်မြေ သာယာ၀ပြောဖို့အတွက် ကျောင်းသားနဲ့ ဆရာ စည်းစည်းလုံးလုံးရှိဖို့ လိုအပ် တယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်။

အစီအစဉ်မှူး။ ။ အခုလို ဆွေးနွေးပေးတဲ့ဆရာကြီး ဆရာမကြီး တို့ကိုကျေးဇူးအထူး တင်ရှိပါ တယ်ရှင့်။

သတင်းအဖွဲ့