နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
Post date: Fri, 03/08/2019 - 22:37

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၃) နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Post date: Fri, 03/08/2019 - 22:17

သီလဝါအထူးစီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သီလဝါ အထူးစီးပွားရေးဇုန် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကမ္ဘာ့နိုင်ငံအားလုံးမှ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review − UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ
Post date: Fri, 03/08/2019 - 22:09

ကမ္ဘာ့နိုင်ငံအားလုံးမှ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review−UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင် အထည်ဖော်ရေးနှင့် အစီရင်ခံစာ ရေးသားပြုစု တင်ပြနိုင်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ အရေးပါမှု အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ
Post date: Fri, 03/08/2019 - 22:00

Joint Peace Fund ၏ ပံ့ပိုးမှုဖြင့် ကနေဒါနိုင်ငံ၊ European Union နှင့် အီတလီနိုင်ငံသံရုံးတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခြင်း ဆိုင်ရာ အရေးပါမှု အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ ညနေ ၅ နာရီခွဲ တွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ဒသမအကြိမ်မြောက် တောင်ရိုး အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်
Post date: Fri, 03/08/2019 - 21:37

ဒသမအကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပင်းတယမြို့နယ် တည်ပင် ကျေးရွာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တောင်ရိုးအမျိုးသား အလံတော် ကို အလေးပြုကြပြီး တောင်ရိုးတမဲ ယဉ်ကျေးမှု အက၊ နောင်လွယ် ရိုးရာစည်တို ဆိုင်းအကတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ် ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ကျင်းပ
Post date: Fri, 03/08/2019 - 20:59

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

1
2
3
4
5
6
7

MRTV News

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ
တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်
သဝဏ်လွှာ
(၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်)

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ကြွရောက်လာတဲ့ ဧည့်သည်တော်များကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သဘာဝအလှတရားများကို အခြေပြုပြီး ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးမယ့် အဖွဲ့အစည်း များနှင့် ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များ အတူတကွ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အခွင့်အလမ်း များကို ယနေ့ အခမ်းအနားမှ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ဦးဆောင်ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၏ မိန့်ခွန်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမြို့မြို့အနယ်နယ်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့်  မိမိတို့၏ ရုံးများကို ရပ်ရွာတွင်  မရှိမဖြစ်နေရာတစ်ခုအဖြစ်မြင်လာအောင် လုပ်ဆောင်ကြရန် လိုအပ် ကြောင်း၊

Subscribe to Front page feed