Laws

ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် ဥပဒေ

Sun, 08/26/2018 - 23:26 -- admin

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကာလအတွင်း ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်။ လွှတ်တော် ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ် (၁၃) နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင် အရွေးခံကြမည်။ ယှဉ်ပြိုင်ရွေးကောက်ခံမည့် လွှတ် တော် ကိုယ်စားလှယ်လောင်းဦးရေ ၆၉ ဦးရှိသည်။ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ၃-၉- ၂၀၁၈ ရက်ကစပြီး ရက်ပေါင်း ၆၀ တိတိ မဲဆွယ်စည်းရုံးမှု တွေ ပြုလုပ်ကြတော့မည်။

Tags: 

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာပါဝင်ပူးပေါင်းကြစေချင်

Thu, 08/16/2018 - 20:54 -- admin

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ပြဋ္ဌာန်း၊ အာဏာစတည်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအသစ်ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ်၂၉ ဖြင့် ပြဋ္ဌာန်းပေးခဲ့သည်။ ထိုဥပဒေမှာ ယခု ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အာဏာတည်ပြီး သက်ဆိုင်ရာဌာနမှ ကိုင်တွယ်ကျင့်သုံးခြင်းနှင့်အတူ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများလည်း အသီးသီးမှတ်ပုံတင် လာကြတော့မည်ဖြစ်သည်။ ပြီးသည့် အခါ ဥပဒေသစ်ပါပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီဆိုင်ရာလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ အဆိုပါဥပဒေမှာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်ဆိုသော်လည်း ဥပဒေပါပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ အာဏာစတည်မည့်ရက်ကို နိုင်ငံတော်သမ္မတက ကြေညာပေးရမည်ဟု ဆိုထားသည့်အတွက် ဇွန် ၂၁ ရက်တွင် ကြေညာပေး ခဲ့ခြင်းပင် ဖြစ်သည်။

Tags: 

မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲနှင့် ဥပဒေ

Fri, 08/10/2018 - 19:48 -- admin

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်။ အချိန်ကာလ နီးကပ်လာ နေပြီ။ မဲဆန္ဒရှင်များ ဆန္ဒမဲပေးဖို့ ကြိုတင်ပြင်ဆင်နေကြပြီ။ ဤတွင် ရွေးကောက်ပွဲတစ်ခု၌ မဲဆန္ဒရှင်များက သိသင့်သိထိုက်သည့် အချက်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များမှ အနှစ်ချုပ်ကောက်နုတ်၍ မျှဝေပါရစေ။

Tags: 

ဥပဒေ၏ပင်ကိုဥပဓိရုပ် မပျက်မယွင်းပါစေနှင့်

Thu, 02/22/2018 - 23:46 -- moi-admin

ဥပဒေ၏ ပင်ကိုဥပဓိရုပ်သည် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားကို အခြေခံသည်။ ဖြူစင်သန့်ရှင်းသည်၊ ကြည်လင်တောက်ပသည်၊ သိမ်မွေ့နက်နဲသည်၊ ခက်ထန်မာကျောသည်၊ ဘက်လိုက်မှုကင်းသည်။ မည်သူ့ကိုမှ မျက်နှာသာမပေးတတ်၊ အမှန် တရားကို ဦးတည်သည်၊ အမှားနှင့် အမှန်တွင် အမှားကိုပယ်၍ အမှန်ကိုယူသည်။ မကောင်းမှုနှင့် ကောင်းမှုတွင် မကောင်းမှုကိုပယ်၍ ကောင်းမှု ကိုယူသည်။ မတရားမှုနှင့် တရားမှုတွင် မတရားမှုကိုပယ်၍ တရားမှုကို ယူသည်။ ဥပဒေပညာသည် အကျင့် သိက္ခာ နှင့်ပြည့်စုံသော ပညာဖြစ်သည်။ ဥပဒေဖြင့် အသက် မွေးဝမ်းကျောင်းမှု ပြုခြင်းသည် မြင့်မြတ်သော အသက် မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည်။

Tags: 

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ

Tue, 01/26/2016 - 21:39 -- admin

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၁

Pages

Subscribe to RSS - Laws