မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ပညာအတတ်သင်တန်းကျောင်းနှင့် ရုပ်ရှင်စတူဒီယိုများ ပေါ်ပေါက်ရေး ဆောင်ရွက်နိုင်မည့် အစီအမံနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် အမှာစကား

Mon, 04/09/2018 - 23:44 -- moi-admin

၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည့် မြန်မာ့ရုပ်ရှင်လောက  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ပညာအတတ်သင်တန်းကျောင်းနှင့်  ရုပ်ရှင်စတူဒီယိုများ ပေါ်ပေါက်ရေး  ဆောင်ရွက်နိုင်မည့်  အစီအမံနှင့်   ပတ်သက်သည့်  ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် အမှာစကား

မြန်မာနိုင်ငံ၏ ပုံရိပ်ကို ရုပ်ရှင်အတတ်ပညာဖြင့် မြှင့်တင်ပေးနိုင်ရန်နှင့်  မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုနှင့် ရုပ်ရှင်အတတ်ပညာ သင်တန်းကျောင်း   ဖွင့်လှစ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများအတွက် Outdoor ရိုက်ကူးရေးနှင့် Indoor ရိုက်ကူးရေးဆောင်ရွက် နိုင်သည့် နေရာအား နေပြည်တော် တွင် ဆောင်ရွက်စေလိုကြောင်း။

ရုပ်ရှင်ပညာ အတတ်သင်တန်းကျောင်းနှင့် ရုပ်ရှင်စတူဒီယိုများ ပေါ်ပေါက်ရေးကို  အခြေခံကာ  မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာန အနေဖြင့်ပါဝင် ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ယနေ့အစည်းအဝေး တက်ရောက် လာကြသူများကလည်း မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးပေးစေလိုပါ ကြောင်းနှင့် ထပ်မံတွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးများကိုရန်ကုန်တွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။