ဒုတိယသမ္မတ ၁ သတင်း

Post date: 01/12/2018 - 05:20

(၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

Post date: 01/11/2018 - 03:30

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီး ယားနိုင်ငံ ဖနောင်ပင် မြို့၌ ဇန်နဝါရီ ၁ဝရက်တွင်ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင် ပင်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Sun Chanthol နှင့် တာဝန်ရှိသူများက ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

Post date: 01/09/2018 - 04:21
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီး ယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် မဲခေါင်- လန်ချန်း နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်ရန် ယနေ့နံနက် ၈နာရီတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
 
Post date: 12/22/2017 - 03:01
၂၀၁၈ ခုနှစ် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ( ၉ ) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၈ ခုနှစ် ( ၇၁ ) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
 
Post date: 12/21/2017 - 05:41

(၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉  နာရီ ခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇) အစည်းအဝေး ခန်းမ၌ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။

Post date: 12/20/2017 - 17:12

၂၀၁၈ ခုနှစ် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၁၈ ခုနှစ် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ  ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

Post date: 12/13/2017 - 06:05

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၇) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

Post date: 12/01/2017 - 18:41

မြန်မာလူငယ်များ အချင်းချင်း အသိပညာ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ် တန်ဖိုးများ မျှဝေနိုင်ရန်နှင့် အနာဂတ် လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်များနှင့် အညီ ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့ ဥပစာ၌ ကျင်းပရာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

Post date: 11/26/2017 - 08:41

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

Post date: 11/21/2017 - 06:53
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Peter Szijjarto နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
 

Pages