ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး H.E. Mr.Vikram Misri အား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယ နိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက် နှစ်နိုင်ငံအကြား သဘောတူညီချက် တစ်ရပ်ပြုစုရန်၊ စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ပြည်တွင်း ရေကြောင်းဆိပ်ကမ်း၊ ဆက်စပ်ပစ္စည်းနှင့် အဆောက်အအုံများ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို Private Port Operator ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး ကိစ္စရပ်များ၊ ကလေးလေဆိပ် ဖွံ့ဖြိုးရေးအတွက် လေ့လာထားရှိမှုများနှင့် ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

MRTV feeds