သတင်းများ

Post date: 06/18/2018 - 03:56

မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း နှစ်လယ်အစည်းအဝေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းခွဲ၏ ပထမအကြိမ် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

Post date: 06/18/2018 - 03:48

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြူးမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဖြူးမြို့နယ် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တက်ရောက် အမှာစကား ပြောကြားသည်။

Post date: 06/18/2018 - 03:43

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်နှင့် မုတ္တမမြို့များမှ ရေကြီးနစ်မြုပ် ပျက်စီးသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။

Post date: 06/18/2018 - 03:40

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် RBE ရထားဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်း အတွင်းရှိ ရန်ကုန် ဘူတာကြီးမှ တညင်းကုန်း ဘူတာအထိ လမ်းပိုင်း ပြုပြင် ဆောင်ရွက် ထားရှိမှုများအား ကြည့်ရှု စစ်ဆေးသည်။     

Post date: 06/18/2018 - 03:36

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ အင်း တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်တို့နှင့်အတူ ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အင်းလေးကန်ရေဝေရေလဲ ဧရိယာအတွင်း နုန်းပို့ချမှု လျော့နည်းစေရေးအတွက် နုန်းတားတမံ တည်ဆောက်နေမှု အခြေအနေ၊ ရေဝေရေလဲစိုက်ခင်း တည်ထောင် ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

Post date: 06/18/2018 - 03:29

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇွန်(၁၅)ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ စက်မှုသင်တန်းကျောင်း (ဆင်တဲ)သို့ရောက်ရှိပြီး တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ သက်မွေးဝမ်းကျောင်း ပညာကို အဆင့် အတန်းမခွဲခြားပဲ လက်တွေ့ကျကျ ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပို့ချပေးရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့် အညီ အစဉ်ပြုပြင်ပြီး ကျွမ်းကျင်ဝန်ထမ်းများ အဖြစ် လေ့ကျင့် သင်ကြားပေးရန်၊ စာတွေ့နှင့်လက်တွေ့ကို ပေါင်းစပ်၍ သင်တန်းခန်းမတွင်းမှ အစပြု၍ လက်တွေ့ လုပ်ငန်းခွင်အထိ ကွင်းဆင်း သင်ကြား ပို့ချရန်၊ သင်တန်း ဆရာ/ဆရာမများ ကိုယ်တိုင်ပါဝင် လေ့ကျင့်စေခြင်းဖြင့် လက်တွေ့ ကျွမ်းကျင်သူများကို သင်ကြား မွေးထုတ်နိုင်မည် ဖြစ်ကြောင်း မှာကြားပြီး သင်တန်းခန်းမများ၊ အလုပ်ရုံများသို့ လှည့်လည် ကြည့်ရှု၍ လိုအပ်ချက်များကို ပံ့ပိုး ဖြည့်ဆည်းပေးခဲ့သည်။

Post date: 06/18/2018 - 03:25

ရွှေတိဂုံစေတီတော်မြတ်ကြီး ဘက်စုံတည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင်  ရွှေတိဂုံစေတီတော် ဂေါပကရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

Post date: 06/18/2018 - 03:22

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၊ အရေးပေါ်လူနာများ ကုသပေးခြင်းနှင့် လွှဲပြောင်းပေးခြင်း ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင်း ဆေးခန်း တည်ရှိရာ နေရာဖြစ်သည့် ဓ/၅၊ ဓနင်းရိုးချောင်းပတ်လမ်း၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက် အမှာစကား ပြောကြားကြသည်။

Post date: 06/18/2018 - 03:18

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့သစ်တို့ တွေ့ဆုံပွဲကို   ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌  ကျင်းပသည်။

Post date: 06/17/2018 - 01:14

ဇေယျာသီရိမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား/ကျောင်း သူများ၊ အောင်ချက် အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်းဖောင်ဒေးရှင်းမှ ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့နံနက် ၉နာရီတွင်

Pages