ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့  နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်း (နေပြည်တော် - ရန်ကုန် အပိုင်း) မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ ကြားရှိ ဆွာချောင်းတံတားသို့ ရောက်ရှိပြီး တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုအား ကျောက်ကြီးဖြည့်၍ ပြန်လည်ပြုပြင်နေမှု၊ ရေကျသွားသည့်အချိန်တွင် ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များနှင့် မော်တော် ယာဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တံတားရေလည်တိုင်များ ရေတိုက်စားမှုကာ ကွယ်ရန် စက်ယန္တရားကြီးများဖြင့် ကျောက်ကြီးများချနေမှု၊ ရန်ကုန်ဘက် အခြမ်း တံတား ကမ်းကပ်ခုံ ရေတိုက်စားမှုအား ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ် ဆေးရာ  တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို မှ တံတားအထူးအဖွဲ့များမှ အင်ဂျင် နီယာများနှင့် လုပ်သား(၅၀၀)တို့ဖြင့် တံတားဘေလီ သံပေါင် အရှည် (၄၂၀)ပေအား(၂၄)နာရီအတွင်း ကားငယ်များအမြန်ဆုံးဖြတ်သန်းသွားလာနိုင်ရေး နေ့/ညဆောင်ရွက်လျက် သည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေ ရေးအတွက် ယခုတံတားအား အသွား/အပြန် အသုံးပြုနေရသည့်အတွက် အထူးသတိပြုစောင့်ကြည့်ရန်၊ ဘေလီတံတား တည်ဆောက်ပြီးပါက တံတားခံနိုင်ဝန်စမ်းသပ်ပြီး ပထမအဆင့် ကားငယ်များ ဖြတ်သန်း သွားလာနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်  မိုင်တိုင်အမှတ် ၁၉၈/၀ နှင့် ၁၉၈/၇ ကြားတွင် သဘာဝဘေးဒဏ်ကြောင့် ရေတိုက်စားပျက်စီးသွားသော လမ်းအပိုင်း နှင့် တံတားအမှတ် (၄/၁၉၉) ရေတိုက်စားပျက်စီးမှုတို့အား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး    ပျက်စီးသွားသော လမ်းအပိုင်းအား အမြန်ဆုံးပြုပြင်ရန် နှင့် ခရီးသွား ပြည်သူများ သွားလာမှု အဆင် ပြေစေရေး ၊ ကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။

(သတင်းစဉ်)