ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၃

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ရှိ ဧည့်ခန်းမ၌ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်းချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးနိုင်ငံလင်း၊ ဦးအောင်စိုး၊ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ အထောက်အကူပြုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)