ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁ဝ

ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင်၊ ဦးမင်းဟန်၊ ဒေါ်သင်းသင်းသာ၊ ဦးကျော်စွာမင်း၊ ဦးခိုင်မြတ်ကျော်နှင့် ဦးဇေယျတို့အား ယနေ့ မွန်းလွဲ (၁) နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် သတင်းမီဒီယာ ကောင်စီအတွက် အခန်းငှားရမ်းမည့်ကိစ္စ၊ နောင်သုံးနှစ် သက်တမ်းအတွက် ကောင်စီဝင်သစ်များ ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မှု အခြေအနေနှင့် ဆောင်ရွက်သွားရန်ရှိသည့် ကိစ္စရပ်များ၊ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)