ဆိပ်ဖြူမြို့နယ် လွှတ်တော်အတွေ့အကြုံ များရှင်းလင်းပွဲပြုလုပ်

ဆိပ်ဖြူ၊ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌် ဒေသခံပြည်သူများအား ဒုတိယကြိမ် လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကိုးတောင့်ကျေးရွာအုပ်စုတွင် ပြုလုပ်သည်။
အဆိုပါရှင်းလင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်ပညာ ရေးမှူး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုးတောင့်ကျေးရွာ အုပ်စုတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဌာန အသီးသီးက ရှင်းလင်းပြောကြားပေးပြီး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်က လွှတ်တော် အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာန အသီးသီးမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းခံနိုင်သည့် နည်းလမ်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)