သတင်းများ

Post date: 08/19/2018 - 22:02

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် ဆက်လက်တည်ရှိနေပါ သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေပါသည်။

Post date: 08/19/2018 - 22:01

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ့ဩဘာ လုပ်ငန်းစုတို့ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မှော်ဘီစိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ အဆိုပါ စက်ရုံဝင်းအတွင်း ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

Post date: 08/19/2018 - 22:00

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နှင့် ကျောက်ကြီးမြို့များသို့ ရောက်ရှိ ပြီး မသန်စွမ်းသူများကို အားပေးထောက်ပံ့ခြင်း အခမ်းအနား များသို့ တက်ရောက်သည်။

Post date: 08/19/2018 - 21:59

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ သွားသည်။

Post date: 08/19/2018 - 21:58

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွား သည်။

Post date: 08/19/2018 - 21:57

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုတွင် ရေဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန် ရိက္ခာ အစီအစဉ် (၃)အရ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ တန်ချိန် ၅၀ ထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနားကို ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအခြေစိုက် APTERR အတွင်းရေးမှူးရုံး အကြီးအကဲ နှင့် အလှူရှင် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်တို့ တက်ရောက်ကြသည်။

Post date: 08/19/2018 - 21:56

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

Post date: 08/19/2018 - 21:56

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုကြီး ဦးခင်မောင်ချိုသည် ဩဂုတ်(၁၆) ရက် ညနေပိုင်းတွင်  မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှုဇုန်ရှိ အမှတ်(၃၆) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး မှန်ရည်ကျို မီးဖိုနှင့် အနံ (၁၂)ပေရှိ ဈေးကွက်ဝင် မှန်များ ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှု လိုင်းအသစ် တစ်ခုလုံး အဆင့်မြှင့် တပ်ဆင်ပြီးစီးမှု အခြေအနေ၊ မှန်အရည်အသွေး ကောင်းမွန်ရေးအတွက် ဟိုက်ဒရိုဂျင်နှင့် နိုက်ထရိုဂျင် ထုတ်လုပ်ရေး အလုပ်ရုံတို့အား ပြင်ဆင်ပြီးစီးမှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

Post date: 08/19/2018 - 21:55

မောင်ခင်မင် (ဓနုဖြူ) ၏ စာအုပ်တစ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာခန်းမ၌ ကျင်းပသည်။

Post date: 08/19/2018 - 21:55

စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် AEON Orange ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ Mr. Michio Kumagai နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ လက်ခံတွေ့ဆုံသည်။

Pages