ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း
Post date: Sun, 09/09/2018 - 19:37

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
Post date: Thu, 08/30/2018 - 20:10

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

ဆွာတမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အားပေးထောက်ပံ့
Post date: Thu, 08/30/2018 - 20:09

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့ကာရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအား အားပေးထောက်ပံ့ မှုများပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကျင်းပ
Post date: Thu, 08/30/2018 - 20:07

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးများကို  ယနေ့မွန်းလွဲ ၁နာရီက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းကို လည်းကောင်း၊

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ကျင်းပ
Post date: Thu, 08/30/2018 - 20:06

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ
Post date: Thu, 08/30/2018 - 20:05

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်
Post date: Thu, 08/30/2018 - 20:02

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ယနေ့ တွင်ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲ များစုပေါင်းတွေ့ဆုံပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး သို့တက်ရောက်သည်။

1
2
3
4
5
6
7

MRTV News

 

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

ဒီကနေ့ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အသင်းကြီး ထူထောင်တာ ၅၁ နှစ်ပြည့်မြောက်တဲ့ အခါသမယဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအသင်းကြီးဟာ ဒေသတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူသန်းပေါင်း ၆၀၀ ကျော်အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်၊ရည်မှန်းချက်နှင့် ယုံကြည်မှုတွေကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ခရီးဆက်လျက်ရှိပါတယ်။ ယနေ့ကျရောက်တဲ့အထိမ်းအမှတ်အခါသမယမှာ မြန်မာနိုင်ငံအတွင်းနဲ့ အာဆီယံဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)(MICC-2) ၌ ကျင်းပ သည့် ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲ သို့ တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၏ မိန့်ခွန်းများ

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

ရုပ်ရှင်အဆင့်အတန်းမြင့်မားခြင်း၊ မမြင့်မားခြင်းသည် အများပြည်သူအတွက် အကျိုး ဖြစ်ထွန်းခြင်း၊မဖြစ်ထွန်းခြင်းနှင့် ဆက်စပ်နေသည်ကို စဉ်းစားကြည့်လျှင်သိမြင်နိုင်ပါကြောင်း။

နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် မီဒီယာတာဝန် ထမ်းဆောင်နေသူ ဝန်ထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းနှင့် သတင်းရိုက် ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သော သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

MRTV feeds

Subscribe to Front page feed